နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆက်လက်ကျင့်သုံးသွားမဲ့ ဘောလုံးအဖွဲ့ချုပ်ရဲ့ စည်းမျဉ်းအသစ်နဲ့အရန်အင်အား

ဇူလိုင်   ၁၅


နိုင်ငံတကာဘောလုံးအဖွဲ့ချုပ်က ယာယီစည်းမျဉ်းအဖြစ်မေလမှာ စတင်ကျင့်သုံးခဲ့တဲ့ ပွဲစဉ်တစ်ပွဲမှာ လူစားလဲလှယ်ခွင့် ငါးကြိမ်လဲလှယ်ခွင့်ကိုကျင့်သုံးခဲ့ပါတယ်။ ယခင်က တစ်ပွဲမှာ သုံးကြိမ်လဲလှယ်ခွင့်ကို ကစားသမားများရဲ့ကြံ့ခိုင်မှုကိုရည်ရွယ်ပြီး တစ်ပွဲမှာကစားသမားငါးဦး(ငါးကြိမ်) လူစားလဲမှုလုပ်ဆောင်ခွင့်ကို ခွင့်ပြုတာပါတဲ့။

ဒီစည်းမျဉ်းယခုလဲကျင့်းသုံးနေပြီး လာမဲ့ရာသီမှာပါ ဆက်လက်ခွင့်ပြုသွားဦးမယ်လို့ဆိုပါတယ်။ လာမဲ့ရာသီအတွက် အသင်းတိုင်းဟာ ရာသီကြိုပြင်ဆင်မှုကာလ နည်းပါးမှာဖြစ်တာကြောင့် ဘောလုံးသမားများ ဒဏ်ရာရမှုနှုန်းလျှော့ချနိုင်အောင် ဒီစည်းမျဉ်းကို ၂၀၂၀-၂၀၂၁ ဘောလုံးရာသီအထိ ဆက်လက်သက်တမ်းတိုးတာပါလို့ ပြောပါတယ်။


ဒီစည်းမျဉ်းအသစ်ကြောင့် ပွဲကစားမဲ့နေ့လူစာရင်းက ၂၀ ထိ ပုံမှန်ထုတ်ခွင့်ရှိလာမယ်၊ ပွဲတစ်ပွဲမှာပါဝင် ကစားနိုင်မဲ့အသင်းသားက လူစားလဲလှယ်မှုအပါအဝင် ၁၆ ဦးရှိသွားမှာဖြစ်ပါတယ်။ ဘောလုံးရာသီတစ်ခုမှာ နှစ်ကြိမ်ကစားသမားမှတ်ပုံတင်ခွင့်ရှိပြီး တစ်ကြိမ်ကို ၂၅ ဦးဖြစ်တာကြောင့် တစ်သင်းလုံးနီးပါး ပွဲနေ့လူစာရင်း တွေထဲပါဝင်ခွင့်ရလာပါတယ်။


ဒါဟာ ကြီးမားတဲ့အပြောင်းအလဲမဟုတ်ပါဘူးလို့ဆိုပေမယ့် ထိပ်သီး အသင်းချင်းယှဉ်ပြိုင်တဲ့အခါ အရန်အင်အားသုံးနိုင်စွမ်းက အများကြီးအားသာချက်ဖြစ်သွားနိုင်ပါတယ်။ ကိုဗစ်ကာလဘောလုံးပွဲပြန်စတော့ မန်စီးတီးက လူစားလဲမှုအားလုံးလုပ်ပြီးခဲ့တာတောင် ဆာနေးထည့်မသုံး ရသေးတဲ့အနေအထားကို ပိုင်ဆိုင်ထားပါတယ်။


လီဗာပူးလ်က စီနီယာပွဲထွက်စာရင်း ၁၁ ဦးအပြည့်ရှိပေမယ့် အရန်စာရင်းမှာတော့ ကွင်းလယ်အတွက်ပဲရှိပြီး ခံစစ်နဲ့တိုက်စစ်အတွက် အရန်စာရင်းမှာ လူငယ်တွေသာရှိနေ ပါတယ်။ ဒါကြောင့် ဒီလူစားလဲမှု ငါးကြိမ်ခွင့်ပြုထားတာကြောင့် အရန်အင်အားစာရင်းလဲ တောင့်တင်းမှုရှိဖို့ လိုကြောင်း တင်ပြလိုက်ပါတယ်။                                                                                                       


(SO)






အခြားဆက်စပ်သတင်းများ