နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြင်သစ်တင်းနစ်ကစားသမား လူးကပ်စ်ပေါ်လီ တံတောင်ဆစ်ခွဲစိတ်ကုသမှုခံယူရမည်

ဇူလိုင်   ၁၅


ပြင်သစ်တင်းနစ်ကစားသမား လူးကပ်စ်ပေါ်လီသည် တံတောင်ဆစ်ဒဏ်ရာ ခွဲစိတ်ကုသမှုခံယူရမည် ဖြစ်သောကြောင့် ကာလတစ်ခုထိ အနားယူရမည်ဖြစ်ကြောင်း သိရသည်။ အသက် ၂၆ နှစ်အရွယ်ရှိ လူးကပ်စ် သည် ဂရင်းစလန်းတင်းနစ်ချန်ပီယံဆုကို နှစ်ကြိမ်တိတိဆွတ်ခူးထားပြီး ဒဏ်ရာအားခွဲစိတ်ကုသမှုခံယူရတော့ မည်ဖြစ်သည့်အတွက် ကာလရှည်အနားယူရမည်ဖြစ်သည်။


လက်ရှိ ကမ္ဘာ့အဆင့် ၅၈ နေရာ၌ရပ်တည်နေသည့် လူးကပ်စ်သည် ဒဏ်ရာခွဲစိတ်ကုသမှုခံယူပြီးပါက တင်းနစ်လောကသို့ အမြန်ဆုံးပြန်လာမည်ဖြစ်ကြောင်း ယင်းကပြောကြားခဲ့သည်။


လူးကပ်စ်ပေါ်လီက “ကျွန်တော့်ရဲ့ ညာဘက်တံတောင်ဆစ်ဒဏ်ရာကဆိုးရွားလာတဲ့အတွက် ပုံမှန် ဆေးကုသမှုခံယူဖို့အဆင်မပြေနိုင်တော့ပါဘူး၊ ဒါကြောင့် ခွဲစိတ်ကုသမှုခံယူဖို့ ဆုံးဖြတ်ခဲ့တာပါ၊ ဒီဆုံးဖြတ် ချက်ကိုချမှတ်ဖို့အတွက် ကျွန်တော် ဆရာဝန်တွေနဲ့ ဆွေးနွေးခဲ့ပါတယ်၊ ဆွေးနွေးမှုအရ ခွဲစိတ်ကုသမှု ခံယူရတော့မှာဖြစ်ပါတယ်၊ ခွဲစိတ်ကုသမှုခံယူပြီးရင်တော့ အကောင်းဆုံးပုံစံနဲ့ ကျွန်တော်ပြန်လာခဲ့မှာပါ၊ ဒီနှစ်အတွင်း ကျွန်တော်ပြန်လာနိုင်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်”ဟု ပြောကြားခဲ့သည်။


လူးကပ်စ်ပေါ်လီသည် ဒဏ်ရာအား ခွဲစိတ်ကုသမှုခံယူရမည်ဖြစ်သည့်အတွက် ယူအက်စ်အိုးပင်းတင်းနစ် ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်နိုင်မည်မဟုတ်ကြောင်း သိရသည်။                                                              


(သူရိန်)






အခြားဆက်စပ်သတင်းများ