နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နေမာကို အမြင့်ဆုံးဈေးနဲ့ရောင်းချခဲ့ရပြီး အရှုံးကြီးရှုံးခဲ့ရတဲ့ ဘာစီလိုနာအသင်း

ဇူလိုင်   ၁၅


ဘာစီလိုနာအသင်းဟာ သူတို့ရဲ့တိုက်စစ်မှူး ဘရာဇီးလက်ရွေးစင်လေးနေမာကို ယူရို ၂၂၂ သန်းနဲ့ ဈေးအမြင့်ဆုံးရရှိလို့ ရောင်းချခဲ့တာအားလုံးမှတ်မိကြမှာပါ။ အဲဒီအချိန်က ဘာစီအမြတ်တွေရခဲ့တာ သိကြမှာပါ။ နေမာကို မရောင်းခင်က ဘာစီလိုနာရဲ့ MSN တိုက်စစ်(မက်ဆီ၊ ဆွာရက်၊ နေမာ) အတွဲဟာ      ကမ္ဘာ့အကောင်းဆုံးတိုက်စစ်အတွဲရယ်လို့ ကျော်ကြားခဲ့ပါတယ်။


ခုတော့နေမာကို ရောင်းလိုက်တော့ တိုက်စစ် ပြိုကွဲသွားရတာပေါ့။ နောက်ပိုင်းမှာတော့ ဘာစီလိုနာဟာမက်ဆီကို ကွင်းလယ်တိုက်စစ်ပို့ရင်တစ်မျိုး၊ တောင်ပံတိုက်စစ်ပို့ရင်တစ်မျိုး အမျိုးမျိုးတိုက်စစ်အတွက် လှည့်ပတ်စဉ်းစားရင်း တိုက်စစ်ကစားသမားတွေကို ဆက်တိုက်ခေါ်ယူလိုက်ရပါတယ်။


 ပေါ်လင်ဟို၊ ဒမ်ဘီလီ၊ ကော်တင်ဟို၊ အာသာ၊ မယ်ကွန်၊ ဗီဒယ်၊ ဂရေဇ့်မန်း၊ ဘရေ့ဝိတ်၊ ဒီဂျောင်၊ ပီဂျာနစ်။ နောက်တန်းနဲ့ ဂိုးအတွက်  မီနာ၊ လင်ဂတ်၊ ဖာပို၊ နီတိုတို့ကိုခေါ်ခဲ့ပါတယ်။ ဘာစီလိုနာရဲ့အဆင့်ကိုမမီတဲ့၊ ခြေစွမ်းမပြနိုင်တဲ့သူတွေကို ဘာစီကပြန်လည်ရှင်းထုတ်နေရပါတယ်။


အဲဒီ ရှေ့တန်း၊ နောက်တန်း၊ ဂိုးအပါအဝင် ဘာစီလိုနာအသင်းယူရို ၇၆၇ ဒသမ ၂ သန်းပိုသုံးစွဲခဲ့ရတာပါ။ နေမာကို ရောင်းပြီးချိန်မှာ ခေါ်ခဲ့ရတဲ့အတိုင်းအတာတွေပေါ့။  ဘာစီဟာ ရီးရဲလ်က ရော်နယ်ဒိုထွက်သွားတဲ့အဖြစ်နဲ့ဆင်တူနေပေမဲ့ မက်ဆီရဲ့ ရုန်းအားကြောင့် ဟန်မပျက်ကျန်နေတာပါ။ တကယ်တော့ ဘာစီဟာနေမာကို ယူရို ၂၂၂ သန်းနဲ့ ရောင်းပြီး ယူရို ၇၆၇ ဒသမ ၂ သန်းပြန်ဖြည့်ခဲ့ရတော့ ဘာစီဟာ အရှုံးကြီးရှုံးခဲ့ရတဲ့အသင်းပေါ့။              


(SO)






အခြားဆက်စပ်သတင်းများ