နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန် Quarantine Centre များတွင်အသုံးပြုရန် ရေနံဓာတ်ငွေ့ရည်အိုး များ လှူဒါန်း

ရန်ကုန် ၊ ဧပြီ ၉ ရန်ကုန်တိုင်းဒေသကြီး အတွင်းမြို့နယ်အချို့တွင် COVID - 19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက်ဖွင့်လှစ်ထားသော Quarantine Centre များ၌ အစားအသောက်ချက်ပြုတ်ရာတွင်အသုံးပြုရန် ရေနံဓာတ် ငွေ့ရည်အိုးများ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့လှူဒါန်းထောက်ပံ့ခြင်းကို ဧပြီ ၈ ရက် နံနက်ပိုင်းတွင် တောင်ဥက္ကလာပမြို့နယ် စာတိုက်မှတ်တိုင်အနီးတွင် ဖွင့်လှစ်ထားသော YADANA SU ရေနံဓာတ်ငွေ့ဂတ်စ်ဆိုင်၌ ကျင်းပသည်။ ထိုလှူဒါန်းမှုတွင် ရေနံဓာတ်ငွေ့ရည် (50 Kg)ဝင် အိုး ၂၀၀ တန်ဖိုးအားဖြင့် ကျပ် သိန်း ၁၀၀ ရှိသောရေနံဓာတ်ငွေရည် အိုးများကို YADANA SU ကုမ္ပဏီလီမိတက်မှ မန်နေးဂျင်းဒါရိုက်တာ ဦးရဲဝင်း က ပေးအပ်ရာ တောင်ဥက္ကလာပ မြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဒေါက်တာစောနိုင်နှင့်တာဝန်ရှိသူများကလက်ခံရယူပြီး သက်ဆိုင်ရာ Quarantine Centre များသို့ပို့ဆောင်နိုင်ရေးကို ဆက်လက်ဆောင်ရွက်ကြောင်း သိရသည်။ " အခုလို COVID - 19 ကပ်ရောဂါဖြစ်ပွားနေတဲ့ကာလမှာ Quarantine Centre တွေကနေ စားသောက်ချက်ပြုတ်တဲ့နေရာတွေမှာသုံးဖို့ ရေနံဓာတ်ငွေ့တွေလာဝယ်ကြတယ်။ဒီအတွက်ရန်ကုန်တိုင်းဒေသကြီးမှာရှိနေတဲ့ Quarantine Centre တွေမှာ ဒီလိုရေနံဓာတ်ငွေ့ရည် လိုအပ်ချက်ကို လှူဒါန်းထောက်ပံ့ မှုအဖြစ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ချိတ်ဆက်ပြီး ရေနံဓာတ်ငွေ့ရည် (50 Kg)ဝင်အိုးအလုံး(၂၀၀)ကို လှူဒါန်းပေးတာပါ "ဟုရတနာစုကုမ္ပဏီလီမိတက်မှ မန်နေးဂျင်းဒါရိုက်တာ ဦးရဲဝင်းကပြောသည်။ ထို့ပြင် COVID - 19 ကပ်ရောဂါကျရောက်နေချိန်တွင်YADANA SU ရေနံဓာတ်ငွေ့ဂတ်စ်ဆိုင် အနေဖြင့် ရေနံဓာတ်ငွေ့ရည်များ ပုံမှန်ဈေးနှုန်းအောက် လျော့၍ရောင်းချ ခြင်းကို ဧပြီ ၂၀ ရက်မှ စတင်၍ ယခင် 1 Kg လျှင် ကျပ် ၁၀၀၀ မှ ယခု ကျပ် ၈၀၀ သို့လည်းကောင်း၊ ယခင် 15 Kg တစ်အိုးလျှင် ကျပ် ၁၅၀၀၀ အစား ယခု ကျပ် ၁၂၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထို့ပြင် ယခုကာလများ၌ ရေနံဓာတ်ငွေ့ရည်သုံးစွဲသူများ ကိုယ်တိုင်ထုတ်ယူမှုတွင် အခက်အခဲမရှိစေရန် တောင်ဥက္ကလာပ၊ အလုံ၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ လမ်းမတော်၊ လသာစသော မြို့နယ်များသို့ ဝန်ဆောင်ခ ဂတ်စ်အိုး(၁)အိုးလျှင် ကျပ် ၃၀၀၀ ဖြင့် အိမ်အရောက်ပို့စနစ်ဖြင့်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဧပြီ ၈ ရက် ကျင်းပသော လှူဒါန်းထောက်ပံ့ပွဲမှ သိရသည်။ မင်းခ






အခြားဆက်စပ်သတင်းများ