========================== ရန်ကုန် ၊ ဧပြီ ၉ COVID-19 ရောဂါနှင့်ပတ်သက်ပြီး သိရှိလိုသည်များကို မေးမြန်းလိုသည့် ပြည်သူများအတွက် COVID-19 Call Center ဖွင့်လှစ်ပေးထားကြောင်း သိရသည်။ ပြည်သူများ သိရှိလိုသည်များကို Call Center သို့ နေ့စဉ် နံနက် ၈ နာရီမှ ည ၈ နာရီအတွင်း 2019 ဖုန်းနံပါတ်ရိုက်နှိပ် ဆက်သွယ်မေးမြန်းနိုင်မည်ဖြစ်သည်။ ထိုသို့မေးမြန်းရာတွင် လူတစ်ယောက်အတွက် အများဆုံးအချိန် ၅ မိနစ်မျှသာ ပေးထားကြောင်း သိရ သည်။ ထိုမေးမြန်းမှုများကို ဖြေကြားရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက Volunteer ဆရာဝန်များက ပြန်လည်ဖြေကြားသွားမည်ဖြစ်ကြောင်း သိရသည်။ (WP)