ဇူလိုင် ၁၄
ချယ်ဆီးအသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်နေရာအတွက် အပြိုင်ကြိုးစားနေရတဲ့အချိန်မှာ ရှက်ဖီး ယူနိုက်တက်ကို သုံးဂိုးပြတ်နဲ့ရှုံးလိုက်တာကြောင့် ကြီးမားတဲ့ရှုံးနိမ့်မှုဖြစ်ခဲ့ပြီး အဆင့်ရပ်တည်မှုကိုပါ အကြီးအကျယ်ခြိမ်းခြောက်လျက်ရှိနေပါပြီ။ ချယ်လ်ဆီးဟာ ဝက်ဟမ်းကို ၃-၂ နဲ့အရေးနိမ့်ခဲ့ပြီး ယခုအခါ ရှက်ဖီးကို ၃-၀ နဲ့ထပ်ပြီး ရှုံးခဲ့တာပဲဖြစ်ပါတယ်။ ရှုံးနိမ့်တဲ့ပွဲတွေမှာ သုံးဂိုးထိပေးခဲ့ရတာဟာ စပွန်ဆာအသစ်ဖြစ်တဲ့ Three မိုဘိုင်းဝန်ဆောင်မှုလုပ်ငန်းနဲ့ လက်တွဲခဲ့လို့လားဟု ပရိသတ်တွေရဲ့လှောင်ပြောင်မှုကိုလဲ ရင်ဆိုင်နေရ ပါတယ်။ ဒါ့ပြင် ချယ်လ်ဆီး ဒီရာသီမှာ ယူနိုက်တက်ပါတဲ့အသင်းတွေကို အရေးနိမ့်မှုတွေလည်းဖြစ်လာခဲ့ ပါတယ်။ ဒါကြောင့် ချယ်လ်ဆီးကိုအနိုင်ရဖို့ဆိုရင် အသင်းမှာယူနိုက်တက်ဆိုတဲ့အမည်ပါဖို့ပဲ လိုတယ် လို့တောင် လှောင်ပြောင်ခံနေရပါတယ်။ ချယ်ဆီးရှုံးခဲ့တဲ့ဟာတွေကတော့ မန်ချက်စတာယူနိုက်တက်၊ နယူးကာဆယ်ယူနိုက်တက်၊ ဝက်စ်ဟမ်းယူနိုက်တက်၊ ရှက်ဖီးယူနိုက်တက်တို့ပဲဖြစ်ပါတယ်။ လာမယ့် အက်ဖ်အေဖလားဆီမီးဖိုင်နယ်ပွဲမှာလဲ မန်ချက်စတာယူနိုက်တက်နဲ့တွေ့ဆုံနေတာမို့ ချယ်လ်ဆီးအသင်းရဲ့ ကံဆိုးမှုတွေတိုက်ဆိုင်မှုတွေရပ်တန့်သွားမလားဆိုတာကိုတော့ စောင့်ကြည့်ရမှာပါပဲ။
(SO)