နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပရိသတ်ဗလာနဲ့ ဂျာမန်ပိုကယ်ဖလားရယူလိုက်တဲ့ ဘိုင်ယန်မြူးနစ်အသင်း

ဇူလိုင်   ၁၄


လေဗာကူဆင်ကို အနိုင်ကစားကာ ဂျာမန်ပိုကယ်ဖလားချန်ပီယံဆုကို ဆွတ်ခူးရယူနိုင်ခဲ့ပေမဲ့ ပရိသတ် မပါဘဲ ကစားခဲ့ရတာကိုတော့ ဝမ်းနည်းမိတယ်လို့ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး သောမတ်မူလာက ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။


ဘိုင်ယန်မြူးနစ်အသင်းဟာ ဂျာမန်ဘွန်ဒက်စ်လီဂါဆုကိုလည်း ရှစ်နှစ်ဆက်တိုက်ရယူနိုင်ခဲ့ပြီး ယခုလည်း လေဗာကူဆင်ကို ၄-၂ ဖြင့်အနိုင်ရကာ ဂျာမန်ပိုကယ်ဖလားချန်ပီယံဆုကို ထပ်မံဆွတ်ခူးရခဲ့ တာပဲဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းရဲ့ တိုက်စစ်မှူးကြီး သောမတ်မူလာက “နည်းနည်းတော့ဝမ်းနည်းဖို့ကောင်းပါတယ်။ ဒီလို ဖလားဗိုလ်လုပွဲတစ်ပွဲမှာ ပရိသတ်တွေပျောက်ဆုံးနေခဲ့ပါတယ်။ ပရိသတ်များပါဝင်ခဲ့တုန်းက ခံစားချက်မျိုးမခံစားခဲ့ရပါဘူး၊ ချန်ပီယံဆုတွေရဖို့အတွက် ကျွန်တော်တို့တွေ အစွမ်းကုန်ကြိုးစားခဲ့ကြရပါတယ်။ ဒါပေမဲ့ ဒီအချိန်မှာတော့ ခါးသီးတဲ့ခံစားချက်အနည်းငယ်တော့ ခံစားခဲ့ ရပါတယ်။ အသင်းရဲ့ စွမ်းဆောင်ရည်အတွက်တော့ ပျော်ပါတယ်၊ ဒီရာသီမှာဖလားနှစ်လုံးရခဲ့တာကတော့ ကျေနပ်စရာပါ” လို့ပြောခဲ့ပါတယ်။                                                                                                


(SO)






အခြားဆက်စပ်သတင်းများ