နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆီးရီးယားအစိုးရတပ်ဖွဲ့က ဓာတုတိုက်ခိုက်မှုလုပ်ခဲ့ကြောင်း ဓာတုလက်နက်စောင့်ကြည့်ရေးအဖွဲ့ ကောက်ချက်ချ

ဧပြီ ၉၊ ဒမတ်စကတ် ၂၀၁၇ ခုနှစ် မတ်လတွင် ဆီးရီးယားလေတပ်က ဆာရင်းဓာတ်ငွေ့ သို့မဟုတ် ကလိုရင်းဓာတ်ငွေ့ အသုံးပြုပြီး တိုက်ခိုက်မှု ၃ ကြိမ် လုပ်ခဲ့ကြောင်း ဓာတုလက်နက်စောင့်ကြည့်ရေးအဖွဲ့က ကောက်ချက်ချခဲ့သည်။ ဆီးရီးယားလက်နက်ကိုင်များ ထိန်းချုပ်ထားသည့် လာတာမီနာရွာတွင် ဓာတုတိုက်ခိုက်မှုများကြောင့် လူ ၁၀၆ ဦး ဒဏ်ရာရခဲ့သည်ဟု ဓာတုလက်နက်တားဆီးရေးအဖွဲ့အစည်း(OPCW)က ပြောသည်။ ယခုနောက်ဆုံး တွေ့ရှိချက်များမှာ စုံစမ်းစစ်ဆေးရေးနှင့် ခွဲခြားဖော်ထုတ်ရေးအဖွဲ့(IIT)၏ ပထမဆုံး ထုတ်ပြန်ချက်ဖြစ်သည်။ သို့သော် ဆီးရီးယားအစိုးရက ပြည်သူများအပေါ် ဓာတုလက်နက် အသုံးပြု တိုက်ခိုက်ခဲ့သည်ဆိုခြင်းကို ခါးခါးသီးသီး ငြင်းဆန်ခဲ့သည်။ လာတာမီနာရွာတွင် တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် ရက်ပိုင်းအကြာတွင် ခန်ရှိတ်ခွန်မြို့တွင်လည်း အလားတူ တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ လူ ၈၀ ကျော် သေဆုံးခဲ့သည့် ခန်ရှိတ်ခွန်မြို့ တိုက်ခိုက်မှုတွင် ဆီးရီးယားအစိုးရတပ်ဖွဲ့တွေက ဆာရင်းဓာတ်ငွေ့ အသုံးပြုခဲ့သည်ဟု OPCW အဖွဲ့က စွပ်စွဲထားသည်။ ထို့အပြင် ဆီးရီးယားအစိုးရက ပြည်တွင်းစစ်ပွဲကာလအတွင်း ကလိုရင်းဓာတ်ငွေ့ကို လက်နက်တစ်ခုအဖြစ် အသုံးပြုခဲ့သည်ဟု OPCW က ‌ကောက်ချက်ချခဲ့သည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ