နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လူမျိုးရေးခွဲခြားခံ တိုက်စစ်မှူး မူဆာမာရီဂါ "ကိုယ့်ကိုယ်ကိုယ် ပြန်--လိုက်"လို့ ဒေါသပေါက်ကွဲခဲ့

ဥရောပဘောလုံးလောကမှာ လူမျိုးရေးခွဲခြားစော်ကားမှုတွေက ပျောက်ကွယ်သွားခြင်း မရှိသေးပါဘူး။ ပေါ်တိုနဲ့ ဗစ်တိုရီးယားတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပေါ်တူဂီလိဂ်မှာ လူမျိုးရေးခွဲခြားမှုတစ်ခု ဖြစ်ပေါ်ခဲ့ ပါတယ်။ အရင်က လူမျိုးရေးခွဲခြားမှုတွေမှာ သားကောင်ဖြစ်ရတဲ့ ကစားသမားဟာ ကွင်းထဲက ထွက်သွားမယ်။ ဘောလုံးဆက်မကစားဖို့ ဆုံးဖြတ်တာများပါတယ်။ ပေါ်တိုတိုက်စစ်မှူး မူဆာမာရီဂါကတော့ ဒီလောက်နဲ့ မကျေနပ်ခဲ့ပါဘူး။ ဒီတစ်ခါတော့ သူ ဒေါသပေါက်ကွဲသွားပုံပါပဲ။ သူက ဗစ်တိုးရီးယား ပရိသတ်တွေကို ဒေါသနဲ့အတူ ဆဲရေးတိုင်းထွာခဲ့တာပါ။ သူဟာ ဂိုးသွင်း ပြီးနောက် သူ့အရေပြားကိုညွှန်ပြပြီး ဗစ်တိုးရီးယား ပရိသတ်တွေရှေ့မှာ အောင်ပွဲခံခဲ့ပါတယ်။ ဒီအခါမှာ ပရိသတ်တွေက မျောက်လိုအော်ဟစ်၊ ထိုင်ခုံတွေချိုးဖျက်ပြီး ကွင်းထဲပစ်ပေါက်ခဲ့ကြပါတယ်။ မာရီဂါဟာ ကွင်းထဲက ထွက်သွားဖို့ပြင်တဲ့အခါမှာ အသင်းဖော်တွေက ဝိုင်းဝန်း ဟန့်တားခဲ့ကြပါတယ်။ ဒါနဲ့ မာရီဂါဟာ ကွင်းဘေးစည်းဘက်လျှောက်လာပြီး ပြိုင်ဘက် ပရိသတ်တွေကို လက်အမူအရာနဲ့ ပြန်ဆဲခဲ့ပါတယ်။ ပွဲပြီးတော့လည်း မာရီဂါက အင်စတာဂရမ်မှာ လူမျိုးရေးခွဲခြားသူတွေကို တုံ့ပြန်တဲ့ပို့စ် တစ်ခု တင်ခဲ့တယ်။ "ကွင်းထဲလာပြီး လူမျိုးရေးခွဲခြားတဲ့ ငတုံးကောင် တွေကို Go Fuck Yourself လို့ ပြောချင်ပါတယ်။ ကျွန်တော့်ကို မကာကွယ်ပေးတဲ့အပြင် အဝါကတ်ပါ ပြခဲ့တဲ့ဒိုင်ကိုလည်း ဂုဏ်ပြု ပါတယ်။ သူတို့တွေနဲ့ ဘယ်တော့မှ ပြန်မဆုံရဖို့မျှော်လင့်ပါတယ်။ တော်တော်ကျက်သရေ ကင်းမဲ့သူတွေပါပဲ"လို့ မာလီလက်ရွေးစင် မာရီဂါက ရေးသားခဲ့ပါတယ်။






အခြားဆက်စပ်သတင်းများ