ရန်ကုန် ဧပြီ ၉ ဧပြီ ၉ ရက်၊ နံနက် ၁၀ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ကျောက်စိမ်းခန်းမ၌ ကောင်းမြတ်စီးပွားရေးလုပ်ငန်းရှင်များအသင်းက COVID-19 ရောဂါပိုး ကာကွယ်ရေးပစ္စည်းများဖြစ်သော Mask (ရိုးရိုး) ၊ Mask (ဆေးရုံသုံး) ၊ လက်အိတ် ၊ PPE ဝတ်စုံ ၊ လက်သန့်ဆေးရည်နှင့် အပူချိန်တိုင်းစက်များ လာရောက်လှူဒါန်းခြင်းကို လက်ခံခဲ့သည်။ အဆိုပါ လှူဒါန်းခြင်းအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံးမှ တာဝန်ရှိသူများနှင့် အလှူရှင် ကောင်းမြတ်စီးပွားရေးလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။ (ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်)