နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စပိန်သားလေး နျူဇက်ထရူဟီလိုက WLC ၏ လိုက်မစ်ဒယ်ဝိတ်တန်းမှာ ပါဝင်ယှဉ်ပြိုင်တော့မယ်

ဇူလိုင်   ၁၃


စပိန်နိုင်ငံသား နျူဇက်ထရူဟီလိုဟာ WMC ချန်ပီယံ၊ ISKA ဥရောပချန်ပီယံ၊ IPCC Inter Continental ချန်ပီယံ ISKA ကမ္ဘာ့ချန်ပီယံဘွဲ့တွေ သိမ်းပိုက်ထားတဲ့ ဖိုက်တာတစ်ဦးပဲဖြစ်ပါတယ်။ ကစ်ဘောက်ဆင် ထူးချွန်သူတစ်ဦးလည်းဖြစ်ပါတယ်။ ဘရူဟီလိုဟာ ပွဲပေါင်း ၄၀ ပါဝင်ယှဉ်ပြိုင်ရာမှာ ၇ ပွဲရှုံးပြီး ၁ ပွဲ သရေ       မှတ်တမ်းပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ 


ထရူဟီလိုဟာ ဒီလိုတိုက်ခိုက်ရေးအားကစားကိုမှ အထူးနှစ်သက်သူပါ။  မြန်မာလက်ဝှေ့အားကစားမှာပါတဲ့ ခေါင်းတိုက်ကစားရတာကိုလည်း သူနှစ်သက်ပါတယ်။ ဒါကြောင့်လည်း WLC ရဲ့ လိုက်မစ်ဒယ်ဝိတ်တန်းမှာ ဝင်ပြိုင်ပြီး ထိပ်တန်းဖိုက်တာတစ်ယောက်ဖြစ်ချင်တဲ့ ဆန္ဒကလည်း ပြင်းပြနေသူတစ်ယောက်ပါ။ ဒါကြောင့် ခေါင်းတိုက်တာကို လေ့ကျင့်တယ်။ ခေါင်းနဲ့တိုက်တဲ့တိုက်ကွက်ကို ရှောင်တတ်ဖို့လည်းလေ့ကျင့်နေတဲ့သူပါ။ ဒီ WLC  ဝိတ်တန်းမှာ သွေးသစ်ဝင်းလှိုင်၊ ဆာရှာဗွိုင်ဆာ၊ အာသာဆာလာဒိုက်၊ တိုဘီဘင်ဒန်တို့နဲ့အတူ        ယှဉ်ပြိုင်တိုက်ပွဲဝင်ရမှာဖြစ်ပါတယ်။ သူ့ရဲ့ အပြင်းထန်ဆုံးဆန္ဒက WLC ရဲ့ ပထမဆုံး စပိန်နိုင်ငံသား ချန်ပီယံ ဖြစ်ချင်နေတာပါပဲ။ 


သူက “စပိန်နိုင်ငံမှာတော့ မြန်မာ့ရိုးရာလက်ဝှေ့အားကစားနည်းကို သိပ်မသိကြပါဘူး။ ဒါပေမဲ့ စပိန်မှာ ဒီအားကစားနည်းကို လူကြိုက်များလာအောင် ကျွန်တော်သေချာပေါက်လုပ်ဆောင်သွားမှာပါ။ ရိုးရာလက်ဝှေ့ အားကစားနည်းက ကျွန်တော့်ကို စိတ်အားတက်ကြွစေပါတယ်။ ကျွန်တော့်ဘဝရဲ့အချိန်ကောင်းမှာ လက်ဝှေ့ ယှဉ်ပြိုင်ဖို့ဖြစ်လာတာပါ။ ပရိသတ်တွေကို ကျေနပ်ပျော်ရွှင်အောင် စွမ်းဆောင်ပေးနိုင်မယ်လို့ မျှော်လင့် ပါတယ်။ ကျွန်တော့်ဘက်ကလည်း အကောင်းဆုံးကြိုးစားသွားပါ့မယ်”လို့ ပြောဆိုခဲ့ပါတယ်။ ပြိုင်ပွဲကျင်းပမယ့် ရက်၊ အချိန်ရဲ့နေရာကိုတော့ မကြေညာသေးပါဘူး။                                                                           


(So)






အခြားဆက်စပ်သတင်းများ