နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စိန်ခေါ်သူတွေ ဝိုင်းဝိုင်းလည်နေတဲ့ ဗြိတိန်ဟဲဗီးဝိတ်လက်ဝှေ့ချန်ပီယံ တိုင်ဆန်ဖြူရီ

ဇူလိုင်   ၁၃


ဗြိတိန်ဟဲဗီးဝိတ်လက်ဝှေ့ချန်ပီယံ ၂ ဦးဖြစ်တဲ့ အန်တိုနီဂျော်ရှုအာနဲ့ တိုင်ဆန်ဖြူရီတို့ပွဲကို ၂၀၂၁ ခုနှစ် အတွင်း ယှဉ်ပြိုင်ထိုးသတ်ကြဖို့ အကြမ်းဖျင်းသဘောတူညီထားကြပါတယ်။ တစ်ချိန်တည်းမှာပဲ အခြား ဟဲဗီးဝိတ်လက်ဝှေ့သမားတစ်ဦးဖြစ်တဲ့ ဒီလီယန်ဝှိုက်ကလည်း WBC ကမ္ဘာ့ချန်ပီယံဘွဲ့ကို စိန်ခေါ်ထိုးသတ် ခွင့်ရရန် သူ့ရဲ့ ဥပဒေအကျိုးဆောင်များနဲ့အတူ ကြိုးပမ်းလျက်ရှိပါတယ်။ 


နာမည်ကျော် လက်ဝှေ့ပွဲစီစဉ်သူ အက်ဒီဟမ်းက “ဂျော်ရှုအာနဲ့ တိုင်ဆန်ဖြူရီတို့ပွဲကို ၂၀၂၁ ဇူလိုင် ဒါမှမဟုတ် သြဂုတ်လထိစောင့်ရမယ်ဆိုရင် ဒီလီယန်ဝှိုက်နဲ့ တိုင်ဆန်ဖြူရီတို့ပွဲကို ဖေဖော်ဝါရီ၊ မတ်လ လောက်မှာကျင်းပဖြစ်မယ်ဆိုရင်လဲပြဿနာမရှိပါဘူး။ WBC လက်ဝှေ့အဖွဲ့ချုပ်ကိုတော့ ကျွန်တော်တို့တွေ စာရေးပို့ထားပါတယ်။ ဒီလီယန်ဝှိုက်ရဲ့ ဥပဒေအကျိုးဆောင်တွေကလည်း ကြိုးစားနေပါတယ်။ ဝီဒါကလည်း ဖြူရီနဲ့ထိုးသတ်ချင်နေပါတယ်။ အဲဒီပွဲဖြစ်မလာရင် ဒီလီယန်ဝှိုက်နဲ့ ထိုးသတ်ဖြစ်မှာပါ။ တစ်ကမ္ဘာလုံးကတော့ ဂျော်ရှုအာနဲ့ တိုင်ဆန်ဖြူရီတို့ပွဲကို စောင့်မျှော်နေကြပါတယ်''လို့ ပြောဆိုခဲ့ပါတယ်။ စိန်ခေါ်သူတွေဒီလောက် များနေမှတော့ ၂၀၂၁ ထဲမှာ ဖြူရီပါဝင်တဲ့လက်ဝှေ့ပွဲကတော့ သေချာပေါက်ဖြစ်မြောက်လာမှာပါ။             


(So)






အခြားဆက်စပ်သတင်းများ