နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အယ်လ်ဗာရက်ဇ်က ဂိုလော့ဗ်ကင်နှင့် တတိယအကြိမ် စိန်ခေါ်ပွဲထိုးသတ်ရန် ဆန္ဒရှိ

ဇူလိုင်   ၁၃


WBA ၊ WBC ၊ IBO မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံ မက္ကဆီကိုလက်ဝှေ့သမား အယ်လ်ဗာရက်ဇ်သည် WBA ၊ WBC ၊ IBO မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံဟောင်း ကာဇက်စတန်လက်ဝှေ့သမား ဂိုလော့ဗ်ကင်နှင့် တတိယအကြိမ်ထိုးသတ်သွားရန်ဆန္ဒရှိနေကြောင်း သိရသည်။


ယင်းတို့နှစ်ဦးကြား စွမ်းဆောင်ရည်ကွာခြားမှုမရှိသည့်အတွက် ပရိသတ်များက ယင်းတို့နှစ်ဦးထပ်မံ၍ ထိပ်တိုက်တွေ့ဆုံရန် ဆန္ဒရှိနေသည်။


မစ်ဒယ်ဝိတ်တန်းလောက၏ အကောင်းဆုံးလက်ဝှေ့သမားနှစ်ဦး၏ တတိယအကြိမ်စိန်ခေါ်ပွဲကို ပရိသတ်များက ထပ်မံမြင်တွေ့လိုသကဲ့သို့ အယ်လ်ဗာရက်ဇ်ကလည်း ဂိုလော့ဗ်ကင်နှင့် ထိုးသတ်သွားရန် ဆန္ဒရှိနေခြင်းဖြစ်သည်။


အယ်လ်ဗာရက်ဇ်၏ Promoter ဂိုမက်ဇ်က “ဂိုလော့ဗ်ကင်နဲ့ အယ်လ်ဗာရက်ဇ်တို့ရဲ့ တတိယအကြိမ် တွေ့ဆုံမှုအတွက် ကျွန်တော်တို့ဆွေးနွေးနေပါတယ်၊ အယ်လ်ဗာရက်ဇ်ဟာ တတိယအကြိမ်စိန်ခေါ်ပွဲကို စီစဉ်ဖို့ဆန္ဒရှိနေတဲ့အတွက် ကျွန်တော်တို့ဘက်က ဦးဆောင်ဆွေးနွေးပေးနေပါတယ်၊ လာမယ့်နှစ်အစပိုင်းမှာ စိန်ခေါ်ပွဲဖြစ်မြောက်လာဖို့စီစဉ်သွားမှာပါ၊ ဂိုလော့ဗ်ကင်ဟာ သူပိုင်ဆိုင်ထားတဲ့ ခါးပတ်တွေကို ဆုံးရှုံးခဲ့ရပြီး နောက် ချန်ပီယံကိုစိန်ခေါ်နိုင်တဲ့အခွင့်အရေးကို ပြန်ပြီးဆုပ်ကိုင်နိုင်ခဲ့ပါတယ်၊ သူတို့နှစ်ယောက်ရဲ့ ပွဲစဉ် ကြောင့် ပရိသတ်တွေစိတ်လှုပ်ရှားနေကြမှာပါ”ဟု ပြောကြားခဲ့သည်။                                            


(သူရိန်)






အခြားဆက်စပ်သတင်းများ