နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထန်းတပင်၌သင်္ကြန်ပိတ်ရက်ကာလများအတွင်း ဆွမ်းကိစ္စများအဆင်ပြေစေရေး ဆွမ်းဆန်တော်များကို ဆက်ကပ်လှူဒါန်း

ရန်ကုန် ဧပြီ ၉ COVID-19 ကူးစက်ရောဂါကင်းဝေးစေရေးနှင့် သင်္ကြန်ပိတ်ရက်ကာလများအတွင်း ဆွမ်းကိစ္စ အခက်အခဲများမရှိစေရေးအတွက် ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ ဘုန်းတော် ကြီးကျောင်းများ၊ စာသင်တိုက်များနှင့် ပရဟိတကျောင်းများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ အစီအစဉ်ဖြင့် ဆွမ်းဆန်တော်များကို မြို့နယ်အတွင်း၌ဆက်ကပ်လှူဒါန်းပေးလျက်ရှိကြောင်းသိရသည်။ ''ထန်းတပင်မြို့နယ်မှာက ဘုန်းတော်ကြီးကျောင်းက (၁၅၉)ကျောင်း၊ သီလရှင်ကျောင်းက (၁) ကျောင်းနဲ့ပရဟိတကျောင်းက(၅)ကျောင်း စုစုပေါင်း(၁၆၅)ကျောင်းရှိတယ်'' ဒီနေ့မြို့ပေါ်ရပ်ကွက် (၅)ခု မှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းတွေကိုစတင်ဆက်ကပ်လှူဒါန်းပေးတာပါ။ နောက်ရက်တွေမှာလည်း ကျန်ရှိ နေသည့်နေရာများအားဆက်လက်ကာဆက်ကပ်လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း'' ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးရဲလင်းနိုင်ကလက်ရှိဆက်ကပ်လှူဒါန်းပေးနေမှုအခြေအနေများနှင့်ပတ်သက်၍ရှင်းပြသည်။ မြို့ပေါ်ရပ်ကွက်(၅)ခုရှိ ဘုန်းတော်ကြီးကျောင်းများတွင် သီတင်းသုံးနေထိုင်တော်မူကြသည့် သံဃာတော်အရှင်သူမြတ်များအား ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်းကို ဧပြီလ(၈)ရက် မွန်းလွဲ ပိုင်းက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထွန်း၊ တိုင်းဒေသကြီး(၁)လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဘုန်းကျော်စံဦး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းနိုင်နှင့် မြို့နယ်တာဝန်ရှိသူများက အဆိုပါကျောင်းတိုက်များသို့သွားရောက်၍ဆက်ကပ်လှူဒါန်းပေးခဲ့ကြကြောင်းသိရသည်။ ထန်းတပင်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်တိုက်များနှင့် ပရဟိတကျောင်း များအတွက် ဆွမ်းဆန်(၁၁၄)အိတ်ကို ဘုန်းတော်ကြီးကျောင်းတိုက်များရှိ သံဃာတော်များအရေအတွက်နှင့်ပရဟိတကျောင်းများရှိနေထိုင်သူဦးရေအပေါ်မူတည်ကာ ခွဲဝေလှူဒါန်းပေးခြင်းဖြစ်ကြောင်း သိရသည်။ ဇင်မင်းထိုက်(သန်လျင်)






အခြားဆက်စပ်သတင်းများ