နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရေသုံးစွဲသူပြည်သူများအား ရေခေတ္တပြတ်တောက်မည်

ရန်ကုန်   ဇူလိုင်   ၁၃


ရေကူးရေတွန်းစက်ရုံရှိ ဓာတ်အားခွဲရုံ၌ Fault ဖြစ်ပေါ်၍ ဓာတ်အားပြတ်တောက်ပြီး ရေတွန်းစက်များ ခေတ္တရပ်နားထားရခြင်းကြောင့် ဇွန် လ ၁၂ ရက်နေ့  

20:20hr အချိန်တွင် ရေကူးရေတွန်းစက်ရုံရှိ ဓာတ်အားခွဲရုံ 6.6 kv OCB panel နှင့်အတူ 5000 KVA transformer ၏ secondary ပိုင်းတွင် fault ဖြစ်သွားခဲ့ပြီး ဓာတ်အားပြတ်တောက်ခဲ့ကြောင်းသိရသည်။ ထို့ကြောင့် ရေကူး‌ ရေတွန်းစက်ရုံတွင် ရေတွန်းစက်များရပ်နားထားရပြီး ဓာတ်အားခွဲရုံအားစစ်ဆေးခြင်း၊ cable ပိုင်းစစ်ခြင်းတို့ကို အချိန်နှင့် တပြေးညီ မရမ်းကုန်း YESC မှ ဓာတ်ဖြန့် EEနှင့်တာဝန်ရှိသူများလာရောက်စစ်ဆေး‌‌ ပေးလျက်ရှိကြောင်းသိရသည်။


ထို့ကြောင့် ရေကူးရေတွန်းစက်ရုံမှ တိုက်ရိုက်ရေဖြန့်ဖြူးပေးဝေလျက်ရှိသော မရမ်းကုန်းမြို့နယ်

ရန်ကင်းမြို့နယ်၊ဗဟန်းမြို့နယ်၊ကမာရွတ်မြို့နယ်နှင့် ကုက္ကိုင်းရေဖြန့်ဖြူးပေးဝေရေး‌ ရေလှောင်ကန်မှတစ်ဆင့် ရေဖြန့်ဖြူးပေးဝေလျက်ရှိသော ကျောက်တံတားမြို့နယ်၊ပန်းဘဲတန်းမြို့နယ်၊လသာမြို့နယ်၊ လမ်းမတော်မြို့နယ်၊အလုံမြို့နယ်၊ကြည့်မြင်တိုင်မြို့နယ်၊စမ်းချောင်းမြို့နယ်၊ ဗဟန်းနှင့် ကမာရွတ်မြို့နယ်များတွင် ရေအားနည်းခြင်း၊‌ ရေပြတ်တောက်ခြင်းများ ဖြစ်ပေါ်ပါ ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ရေရရှိရေးနှင့် ရေပေးဝေရေးလုပ်ငန်းတာဝန်ခံအဖွဲ့မှ သိရသည်။ လျှပ်စစ်မီးအမြန်ပြန်လည်ရရှိရေးအတွက် YCDC နှင့် YESC တို့မှ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။ ထို့ကြောင့်

ယနေ့ နေ့လည်ပိုင်းတွင် လျှပ်စစ်မီးပြန်လည်ရရှိပြီး ရေတွန်းစက်များ ပြန်လည်မောင်းနှင်နိုင်မည် ဖြစ်‌ေကြာင်း ရေသုံးစွဲသူပြည်သူများအား အသိပေး ထားကြောင်းသိရသည်။


မိုးမြင့်မောင်






အခြားဆက်စပ်သတင်းများ