နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဝင်ဘယ်လ်ဒန်တင်းနစ်ပြိုင်ပွဲ ဝင်ခွင့်ရထားသူများကို ဆုကြေးငွေ ခွဲဝေပေးမည်

ဇူလိုင်  ၁၂


ဝင်ဘယ်လ်ဒန် တင်းနစ်အဖွဲ့ချုပ်က ယခုနှစ် ဝင်ဘယ်လ်ဒန်တင်းနစ်ပြိုင်ပွဲကို COVID-19 ကမ္ဘာ့ကပ်ရောဂါ ကြောင့် ကျင်းပနိုင်မည်မဟုတ်ဘဲ ၂၀၂၁ ခုနှစ်မှ ပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ သည်။

အဆိုပါပြိုင်ပွဲကို ရွှေ့ဆိုင်းခဲ့သော်လည်း ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိထားသည့် ကစားသမားများကို သတ်မှတ်ထားသည့် ဆုကြေးပမာဏမှ အချိုးကျ ခွဲဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါတင်းနစ်ပြိုင်ပွဲသည် သတ်မှတ်ထားသည့် ကမ္ဘာ့အဆင့် ကစားသမားများမှလွဲ၍ အခြား ကစားသမားများအနေဖြင့် လက်ရည်စစ်ပွဲစဉ်များ ကစားခဲ့ရပြီး လက်ရည်စစ်ပွဲစဉ်များကို ကျော်ဖြတ်နိုင်သည့် ကစားသမားများသာ ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခြင်းဖြစ်သည်။

ယင်းတင်းနစ်ပြိုင်ပွဲသည် ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၅ သန်းထိ ပေးအပ်ရန်သတ်မှတ် ထားပြီး အဆိုပါဆုကြေးငွေများကို ပြိုင်ပွဲဝင်ကစားသမားများထံ အချိုးကျခွဲဝေပေးမည်ဖြစ်သည်။


“ပြိုင်ပွဲကို ရွှေ့ဆိုင်းလိုက်ရတဲ့အတွက် ကစားသမားတွေ စိတ်မကောင်းဖြစ်နေကြပါတယ်၊ ဝင်ဘယ်လ်ဒန် တင်းနစ်ပြိုင်ပွဲအဖြစ် ရပ်တည်နိုင်အောင် အဓိကနေရာက ကူညီပေးနေတဲ့ ပြိုင်ပွဲဝင်ကစားသမားတွေကို တုံ့ပြန်တဲ့အနေနဲ့ ဒီနှစ်အတွက် သတ်မှတ်ထားတဲ့ ဆုကြေးငွေကို ပြိုင်ပွဲဝင်ခွင့်ရရှိထားတဲ့ ကစားသမားတွေကို အချိုးကျခွဲဝေပေးသွားမှာပါ”ဟု ဝင်ဘယ်လ်ဒန်ပြိုင်ပွဲကျင်းပရေးကော်မတီ အမှုဆောင်ချုပ်က ပြောသည်။

                                                                   

(သူရိန်)






အခြားဆက်စပ်သတင်းများ