ဇူလိုင် ၁၂
ရှက်ဖီးယူနိုက်တက်ကိုနှစ်ဂိုးတစ်ဂိုးနဲ့ အနိုင်ရလိုက်တဲ့ အာဆင်နယ်လ်အသင်းဟာအကြိမ် ၃၀ မြောက် အဖြစ် အက်ဖ်အေဖလားဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းသွားခဲ့ပါတယ်။ ဆီမီးဖိုင်နယ်မှာတော့ နယူးကာဆယ် အသင်းကိုအနိုင်ရပြီးတက်လာတဲ့ မန်စီးတီးအသင်းနဲ့ ရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။
အာဆင်နယ်ဟာအက်ဖ်အေဖလားကို ၁၃ ကြိမ်အထိရယူထားတာကြောင့် ဒီပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး အသင်းပဲဖြစ်ပါတယ်။ ၂၀၁၆−၁၇ ခုနှစ်က အက်ဖ်အေဖလားကို နောက်ဆုံးအကြိမ်ရခဲ့တာပါ။ အာဆင်နယ်နည်းပြ အာတီတာဟာ နည်းပြအတွေ့အကြုံလုံးဝမရှိသေးပါဘူး။ ဂွါဒီယိုလာရဲ့ လက်ထောက်အဖြစ် ၃ နှစ်ခွဲကြာ လုပ်ကိုင်ခဲ့ဖူးတာပဲရှိပါတယ်။ အာတီတာက “ဆီမီးဖိုင်နယ်မှာဂွါဒီယိုလာနဲ့ ရင်ဆိုင်ကစားရတာခက်ခဲပေမယ့် ဒီဖလားကိုလိုချင်ရင်တော့ အကောင်းဆုံးအသင်းတွေကိုအနိုင်ယူဖို့လိုအပ်ပါတယ်။ ဂွာဒီယိုလာဟာ ကျွန်တော် လေးစားရတဲ့သူပါ။ ကျွန်တော် အကြံဉာဏ်တောင်းတိုင်းလိုလိုလားလားနဲ့ ကူညီပေးပါတယ်။ ကျွန်တော်တို့ နောက်ဆုံး ၂ ပွဲဆက်တိုက်အနိုင်ရခဲ့တာဟာ အသင်းအတွင်းစည်းလုံးမှုကို ပိုမိုအားကောင်းစေခဲ့ပါတယ်။ နိုင်ပွဲ တွေရရင် ပျော်ရွှင်ရသလိုအပြုသဘောဆောင်တဲ့ အရာတွေကိုလည်းတွေ့မြင်ခဲ့ရပါတယ်။ ဒီဆီမီးဖိုင်နယ်ပွဲကို လည်း အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထားပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။
(SO)