ဇူလိုင် ၁၂
ရီးရဲမက်ဒရစ်အသင်းက အလာဗက်အသင်းကို အနိုင်ကစားနိုင်ခဲ့တာကြောင့် ဒုတိယနေရာက ဘာစီလိုနာကို ၄ မှတ်ဖြတ်ထားခဲ့ပြီးလက်ကျန် ၃ ပွဲမှာ ၁ ပွဲနိုင်ပြီး ၂ ပွဲသရေကျရင်တောင် ရီးရဲလ်မက်ဒရစ်တို့ ချန်ပီယံဖြစ်နေပါပြီ။ အလာဗက်ကိုအိမ်ကွင်းမှာလက်ခံကစားရပေမဲ့ နောက်တန်းကအဓိကကစားသမားတွေ ဖြစ်တဲ့ ရာမို့စ်နဲ့ ကာဗာကျယ် ပွဲပယ်ပြစ်ဒဏ်ကျခံနေရချိန်၊ မာဆယ်လိုကလဲ ကြွက်သားဒဏ်ရာရထားလေတော့ နည်းပြဇီဒန်းက နောက်တန်းကို အတော်သတိထားပြင်ဆင်လုပ်ဆောင်ခဲ့ရပါတယ်။ အလာဗက်ကို အနိုင်ရခဲ့တာ ကြောင့်လည်း လာလီဂါဖလားကိုသိမ်းပိုက်နိုင်ဖို့ အလွန်နီးစပ်ခဲ့တာပဲ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာနောက်ဆုံး ၃ ပွဲမှာ ၃ ပွဲဆက်တိုက်ပင်နယ်တီတွေရခဲ့သလို ပင်နယ်တီတိုင်းဟာ လဲနောက်တန်းအစွန်လူတွေကြောင့် ရခဲ့တာပါ။ ဘောလုံးပွဲတွေရပ်နားပြီးပြန်လည်စတင်ကစားခဲ့ရတဲ့ ၈ ပွဲမှာပွဲစဉ်အားလုံးကိုအနိုင်ယူပြထားတာဖြစ်ပါတယ်။ ဒါကြောင့် ဥရောပထိပ်သီးလိဂ် ၅ ခုမှာရီးရဲလ် ရဲ့စွမ်းဆောင်ရည် ကအကောင်းဆုံးအဖြစ် ရပ်တည်နေပါတယ်။ နည်းပြဇီဒန်းရဲ့ အလှည့်ကျစနစ်ကို ကိုင်တွယ်ပုံကလည်းမှန်မှန် ကန်ကန်ပါးပါးနပ်နပ်နဲ့ ကိုင်တွယ်နိုင်ခဲ့ကြောင်းတွေ့ရှိခဲ့ရပါတယ်။
(SO)