ဇူလိုင် ၁၂
အမေရိကန်တင်းနစ်ကစားသမား ဖရန်ဆက်တီယာဖိုးဟာ COVID-19 ရောဂါကူးစက်ခံထားရတယ်လို့ စစ်ဆေး တွေ့ရှိခဲ့ရပါတယ်။
ဂျော်ဂျီယာပြည်နယ်တွင် ကျင်းပလျက်ရှိတဲ့ အမေရိကန်ဖလားတင်းနစ်ပြိုင်ပွဲမှာ ဖရန့်ဆက်တီယာဖိုးပါဝင်ယှဉ်ပြိုင်နေစဉ် ရောဂါကူးစက်ခံရတာလို့ စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။ ဆက်တီယာဖိုးဟာအဆိုပါ ရောဂါကူးစက်ခံရတဲ့ နောက်ဆုံးတင်းနစ်သမားပဲဖြစ်ပါတယ်။ တင်းနစ်ပြိုင်ပွဲတွေမှာ COVID-19 ကြောင့် အသွားအလာထိန်းချုပ်ကန့်သတ်ပြီးနောက် အမေရိကန်ဖလားတင်းနစ်ပြိုင်ပွဲမှာ ပရိသတ်များ ပြန်လည်တက်ရောက်အားပေးခွင့်ပြုခဲ့တဲ့ ပထမဆုံးတင်းနစ်ပြိုင်ပွဲပဲဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ်ရှိသေးတဲ့ ဆက်တီယာဖိုးကကိုရိုနာဗိုင်းရပ်ကူးစက်ခံထားရကြောင်း ပြိုင်ပွဲမှ နုတ်ထွက်သွားမည်ဖြစ်ကြောင်း လူမှုကွန်ရက်မှပြောဆိုခဲ့ပါတယ်။
(SO)