နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဝယ်တာဝိတ်ချန်ပီယံလုပွဲအဖြစ် အသက် ၄ နှစ်ကွာသူနှစ်ဦး ယှဉ်ပြိုင်ကြမည်

ဇူလိုင်  ၁၂


လာမည့် သြဂုတ်လ ၂၅ ရက်နေ့မှာ ဝိတ်ဖီးလ်မြို့တွင် ဝယ်တာဝိတ်တန်းချန်ပီယံလုပွဲအဖြစ် ဗြိတိန် လက်ဝှေ့သမားဂရင်းနင်းနဲ့ မြောက်အိုင်ယာလန်လက်ဝှေ့သမားလူဝစ်ခရော့ကာတို့ ယှဉ်ပြိုင် ထိုးသတ် သွားမယ်လို့ သိရပါတယ်။

အသက် ၂၃ နှစ်သာရှိသေးတဲ့ လူဝစ်ခရော့ကာဟာ ဖေဖော်ဝါရီလက စကော့တလန်လက်ဝှေ့သမား ဂျွန်သိန်းနဲ့ ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာမှာအနိုင်ရပြီးတဲ့နောက် ပရော်ဖက်ရှင်နယ်လက်ဝှေ့သမားဘဝမှာ ၁၁ ပွဲဆက်တိုက်အနိုင်ရရှိခဲ့သူဖြစ်ပါသည်။


ဗြိတိန်လက်ဝှေ့သမားဂရင်းနင်းကတော့ အသက် ၂၇ နှစ်ဖြစ်တာကြောင့် လူဝစ်ခရော့ကာထက်လေးနှစ်ကြီးပါတယ်။ လူးဝစ်ဂရင်းနင်းဟာပရော်ဖက်ရှင်နယ် လက်ဝှေ့သမားဘဝမှာ ၁၂ ပွဲထိုးသတ်ခဲ့ရာတစ်ပွဲသာအရေး နိမ့်ထားသူဖြစ်ပါတယ်။  သူတို့နှစ်ဦးရဲ့ ယှဉ်ပြိုင်ထိုးသတ်ပွဲဟာပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်လာမှာသေချာပါတယ်။

                                                                   

(SO)






အခြားဆက်စပ်သတင်းများ