နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အနိမ့်ဆုံးဈေးကျဆင်း၍ သီဟိုဠ်သီးများကို လာမည့်ရာသီအတွက်ဝယ်ယူသိုလှောင်

မန္တလေး ဧပြီ ၉ သီဟိုဠ်စေ့ဈေးကွက်ဖွင့်သောရာသီ၌ ယမန်နှစ်ထက်အနိမ့်ဆုံးဈေးသို့ ကျဆင်းသွားမှုကြောင့် ခြံရှင်များ ရသည့်ဈေးဖြင့်ရောင်းချလျက်ရှိရာ ဝယ်လက်ဒိုင်များအနေဖြင့် လာမည့်ရာသီတွင် ဈေးနှုန်းကောင်းရန် မျှော်မှန်းချက်ဖြင့် ဝယ်ယူသိုလှောင်လျက်ရှိကြောင်း သိရသည်။ လှည်းကူးမြို့နယ် အမှတ်(၃)လမ်းမကြီးနှင့်ပဲခူးလမ်းဆုံရှိ သီဟိုဠ်စေ့ဒိုင်များသို့ ပဲခူး၊ ငါးဆူတောင်၊ ဖောင်ကြီး၊ မင်းကုန်း၊ တောင်ငူ၊ ရေတာရှည်နှင့်ပြည်မှ သီဟိုဠ်ခြံပိုင်ရှင်များလာရောက်ရောင်းချလျက်ရှိပြီး ယခုနှစ် COVID-19 ရောဂါသက်ရောက်မှုကြောင့် ဈေးကွက်ပျက်နိုင်သည်ဟူသော စိုးရိမ်စိတ်များရှိခဲ့ပြီး ဒိုင်များမှလက်ခံသောကြောင့် ငွေပေါ်ရရှိမှုအပေါ်ခြံတောင်သူများကျေနပ်လျက်ရှိကြောင်း သိရသည်။ ယခုနှစ်သီဟိုဠ်သီးထွက်နှုန်းကောင်းသော်လည်း ဈေးနှုန်းကျနိုင်သည်ကိုကြိုတင်မျှော်မှန်းထားပြီး ဒိုင်များပိတ်မည်ကိုစိုးရိမ်ခဲ့၍ ယခုလိုလှည်းကူးမြို့နယ်ရှိ သီဟိုဠ်ဒိုင်များဖွင့်သည့်အတွက် ဖုန်းဖြင့်ချိတ်ဆက် ၍ ကားဖြင့်တင်ကာလာရောက်ရောင်းချခြင်းဖြစ်ကြောင်း တောင်ငူမှသီဟိုဠ်စေ့ခြံပိုင်ရှင် ဦးအောင်မင်း ကပြောသည်။ နှစ်စဉ်ဧပြီလတွင် အမှတ်(၃)လမ်းဆုံပဲခူးလမ်းမကြီးပေါ်တွင် သီဟိုဠ်စေ့ဒိုင်များမှဝယ်ယူ လျက်ရှိရာ ဈေးအမြင့်ဆုံးအဖြစ် တစ်ပိဿာလျှင်အဖွင့်ဈေးကျပ် ၃၈၀ဝ မှ ပိတ်ဈေး ၄၂၀ဝ အထိ ယမန်နှစ်ကခြံတောင်သူများရခဲ့ပြီး ယခုနှစ်သည်ဈေးအနိမ့်ဆုံးဖြစ်သော တစ်ပိဿာကျပ် ၁၃၀ဝ ဖြင့် ဈေးဖွင့် ထားရာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ထိန်းချုပ်နိုင်၍ ပုံမှန်အတိုင်းလည်ပတ်ပါက သီဟိုဠ်ဈေးအမြင့်ဈေးတွင်ရပ်တည်နေမည်ဖြစ်သောကြောင့် အနိမ့်ဈေးဖြင့် ဝယ်ထားသောပစ္စည်းများ ဈေးကောင်းရမည်ဟုသီဟိုဠ် ကုန်သည်များသုံးသပ်လျက် ဝယ်ယူသိုလှောင်နေခြင်းဖြစ်ကြောင်း သိရသည်။ ဓာတ်ပုံ - ကနူး - ( ၁၁၂)






အခြားဆက်စပ်သတင်းများ