ရန်ကုန် ဧပြီ ၉ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ် COVID -19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီသို့ ဧပြီ ၉ ရက်၊ နံနက်ပိုင်းက တာမွေမြို့နယ် အရိုးကုန်းရပ်ကွက်နေ အလှူရှင် ဦးတင်ဦး မိသားစုတို့မှ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် လိုအပ်သည့် PPE ဝတ်စုံများအတွက် အလှူငွေကျပ်လေးသိန်းပေးအပ်လှူဒါန်းရာ လွှတ်တော်ကိုယ်စားလှယ်များ၊ COVID -19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး မြို့နယ်ကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်အေးနှင့်အဖွဲ့ဝင်များက လက်ခံ ရယူခဲ့စဉ်။ နိုင်လင်းအောင်(ပြန်/ဆက်)