နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုင်းရယ်မြို့နယ်တွင် ငွေကျပ်သိန်း ၆,၀၀၀ တန်ဖိုးရှိ အိုက်စ်များနှင့် လွိုင်လင်မြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

မိုင်းရယ် ဇူလိုင်  ၁၁


   ဇူလိုင် ၁၀ ရက်၊ ညနေ ၆ နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များသည် မိုင်းရယ်မြို့နယ်၊ မိုင်းရယ်-လားရှိုးသွားကားလမ်း၊ မိုင်တိုင်အမှတ်(၄)ကီလိုမီတာအနီးတွင် ကျင်ရှန်ရှုံး မောင်းနှင်လာသော MARK-II အမျိုးအစားမော်တော်ယာဉ်နှင့် ၎င်းယာဉ်နောက်မှ ဟွယ်ချန် မောင်းနှင်ပြီး အားချန် လိုက်ပါလာသည့် LANDCRUISER အမျိုးအစားမော်တော်ယာဉ်တို့အား စစ်ဆေးရန် ပြုလုပ်စဉ် ဟွယ်ချန်နှင့် အားချန်တို့ ၂ ဦးမှာ တောထဲသို့ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ ဟွယ်ချန် အား ဖမ်းဆီးရမိပြီး အားချန် မှာ ထွက်ပြေးလွတ်မြောက်သွားခဲ့၍ ယာဉ်အားဆက်လက်ရှာဖွေရာ အိုက်စ် ၃၀ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ဟွယ်ချန်(၃၆)နှစ်၊ ကျင်ရှန်ရှုံး(၃၁)နှစ်နှင့် အားချန်(ဖမ်းမမိ)တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း  သိရသည်။

အလားတူ ဇူလိုင် ၁၀ ရက်၊ ည ၇ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည်  လွိုင်လင်မြို့နယ်၊ ပင်လုံ-နောင်ဟူးသွားကားလမ်းတွင် အိုက်စိုင်း မောင်းနှင်လာသော မော်တော်ဆိုင်ကယ်ကိုရပ်တန့်ရှာဖွေရာ ဆိုင်ကယ်တူးဘောက်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၃၀ ပြားနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ၂၀၀၀ အချိန် လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ အမှတ်(၄)ရပ်ကွက်၊ ကျူရုံးလမ်းသွယ်(၂)၊ အိမ်အမှတ်(၁၁)နေ စိုင်းလှအောင်၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ အိပ်ခန်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ပြား၊ ဘိန်းစိမ်း ၀ ဒသမ ၁၂ ကီလိုနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို့ ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် အိုက်စိုင်း(၁၉)နှစ်၊ စိုင်းလှအောင်(၂၁)နှစ်တို့အား မူးယစ် ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း  သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ