နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အန္တရာယ်ရှိအပင်များရှင်းလင်း၊ မြေယာရှုခင်းပြုပြင်ဆောင်ရွက်

ရန်ကုန် ဇူလိုင် ၁၁


မြို့ပြစီမံကိန်းလုပ်ငန်းတာဝန်ခံအဖွဲ့(မြေယာရှုခင်းနှင့်အားကစားကွင်းများ)မှ ဇူလိုင်လ ၁၀ရက်က ရွှေပြည်သာမြို့နယ် ချင်းတွင်းလမ်း၊ သင်္ဃန်းကျွန်းမြို့နယ် (ဃ)ရပ်ကွက်၊ ရန်ကင်းမြို့နယ် ပြည်သာယာလမ်းနှင့်ဆေးရုံလမ်း၊ သာကေတမြို့နယ် စက်မှုလက်မှုရပ်ကွက် မြခွာညိုအိမ်ရာဝင်း၊ တာမွေမြို့နယ် လမ်း ၁၅၀၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ၃၀ ရပ်ကွက် ပင်လုံလမ်းတို့၌ ရန်ကုန်လျှပ်စစ်ဓါတ်အားပေးရေးကော်ပိုရေးရှင်းနှင့်ပူးပေါင်း၍ ဓါတ်အားလိုင်းမလွတ်အပင်များရှင်းလင်းခြင်း၊ လှိုင်မြို့နယ် အထက(၄)ကျောင်းဝင်း ပိတ်ဆို့အပင်များရှင်းလင်းခြင်း၊ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်း ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရှေ့ သစ်ငုတ်ရှင်းလင်းခြင်း၊ ဦးဝိစာရလမ်း တွင်ယိုင်နေသောစိန်ပန်းပင်ရှင်းလင်းခြင်း၊ မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက္ကံမြို့သစ် ပုဂံလမ်း ရေစီးရေလာမလွတ်အပင်ရှင်းခြင်း၊ တောင်ဥက္ကလာပမြို့နယ် (၁၂)ရပ်ကွက် ကန်ပေါင်၊ ဒဂုံမြို့နယ် ဗဟိုလမ်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် အထက(၃)ကျောင်းဝင်း၊ ယုဇနဥယျာဉ်မြို့တော် အထက (၂)ကျောင်းဝင်း တို့၌ မြက်ခြုံများရှင်းလင်းခြင်း၊ ကန်တော်ကြီး ကန်ရိပ်သာလမ်း အပင်များပုံသွင်းခြင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် လှော်ကားလမ်းရေတမာပင်ဖြည့်စွက်စိုက်ပျိုးခြင်း၊ အင်းလျားကန်ပေါင်(ပြည်လမ်း) ပန်းကွက်ပြုပြင်စိုက်ပျိုးခြင်းတို့ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။


သွင်မောင်မောင်






အခြားဆက်စပ်သတင်းများ