နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြောက်ဥက္ကလာပမြို့နယ်တွင် အစိုးရပါဠိပထမပြန် စာမေးပွဲကျင်းပရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်

ရန်ကုန်၊  ဇူလိုင်  ၁၁


ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပါဠိပထမပြန်စာမေးပွဲကျင်းပရန် ကြိုတင်ပြင်ဆင်မှုများကို ဇူလိုင် ၁၀ ရက် မွန်းလွဲ ၂ နာရီက (၂)ရပ်ကွက်၊ မယ်လမုသာသနာ့ဗိမာန်တော်ကြီးနှင့် မယ်လမုဘုရားဝန်းအတွင်း နေရာ(၂)နေရာ၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မယ်လမုဂေါပကအဖွဲ့ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက စာမေးပွဲဖြေဆိုမည့်    မယ်လမုသာသနာ့ဗိမာန်သုံးထပ်ဓမ္မာရုံတွင် သန့်ရှင်းရေးများဆောင်ရွက်ခြင်း၊ စာမေးပွဲဖြေဆိုမည့် စားပွဲများ အား ၆ ပေအကွာထားရှိဆောင်ရွက်ခြင်း၊ လက်ဆေးကန်များ ပြင်ဆင်ဆောင်ရွက်ထားခြင်းကို ကြိုတင် ပြင်ဆင်မှုများအနေဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါစာမေးပွဲကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့် အညီ ဇူလိုင် ၁၅ ရက်နေ့မှ  ၂၂ ရက်အထိ ကျင်းပမည်ဖြစ်ရာ စာဖြေသံဃာနှင့် သီလရှင် ပထမကြီးတန်းတွင် ၁၆၃ ပါး၊ ပထမလတ်တန်းတွင် ၉၅ ပါး၊  ပထမငယ်တန်းတွင် ၁၂၅ ပါး၊ အခြေပြုမူလတန်းတွင် ၂၅၁ ပါး၊ စုစုပေါင်း ၆၃၄ ပါး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။

မြမြဝင်း(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ