နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် မာဂဓီသာစည် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျောင်းဖွင့်ချိန်တွင် ကျန်းမာရေးနှင့်အညီပညာသင်ကြားနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိ

ရန်ကုန်၊  ဇူလိုင်  ၁၁


ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁၂)ရပ်ကွက် ကြေးတိုင်စု (၂)လမ်းရှိ  မာဂဓီသာစည် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌  ၂၀၂၀-၂၀၂၁ ပညာသင်နှစ် ကျောင်းဖွင့်ချိန် တွင်  ကျန်းမာရေးနှင့်အညီ ပညာသင်ကြားနိုင်စေရန် COVID-19 ရောဂါကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်  ဆောင်ရွက်ထားလျက်ရှိ‌ကြောင်း သိရသည်။

အဆိုပါ မာဂဓီသာစည် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကို  ၂၀၀၇-၂၀၀၈ ပညာသင်နှစ်တွင် မူလတန်း အဆင့် ပညာသင်ကျောင်းအဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် မူလတန်းလွန် ကျောင်းအဖြစ် တိုးမြှင့်ဖွင့်လှစ်ခွင့်ရရှိကာ   ကျောင်းသား၊ ကျောင်းသူ ၁၀၅၂ ဦးရှိပြီး ဘုန်းတော်ကြီး ၃ ပါးနှင့် ဆရာ၊ ဆရာမ ၂၃ ဦးတို့ဖြင့် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။


     အဆိုပါ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအတွက် ပုံနှိပ်စာအုပ် များ၊ ကျောင်းသုံးဗလာစာအုပ်များကို ပညာရေးဝန်ကြီးဌာနမှ ခွဲဝေရရှိပြီး ကျောင်းဖွင့်ချိန်တွင် COVID-19  ရောဂါ ကာကွယ်ရေးအနေဖြင့် ကျောင်းအတွင်း၊ အပြင် ပိုးသတ်ဆေးဖျန်းခြင်း၊ ကျောင်းခန်းအပြင် လက်ဆေး ဘေစင် ပိုးသတ်ဆေး(hand Jel)များ ထားပေးခြင်း၊  ကျောင်းအဝင်အထွက်အတွင်း၊ အပြင် non-contact သာမိုမီတာဖြင့် အပူချိန်တိုင်းပေးခြင်း၊ ကျောင်းခန်းအတွင်း စာသင်ခုံတစ်ခုံလျှင်  တစ်ဦးနှုန်းဖြင့်  တစ်ခုံနှင့်တစ်ခုံ ၆ ပေခြား၍ ထားရှိခြင်း၊ စာသင်ခန်းတစ်ခန်းလျှင် ၂၀ ဦးနှုန်းဖြင့် စာသင်ခန်း ၂၄ ခန်းကို အသုတ်ခွဲ၍ သင်ကြား ပေးသွားမည်ဖြစ်ကြောင်းနှင့် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဦးစီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းထွဋ်ဝင်း(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ