နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုင်းယောင်းမြို့နယ်တွင် စေတနာ့ဝန်ထမ်း Volunteers များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ရင်ထိုးတံဆိပ်များ ပေးအပ်

မိုင်းယောင်း၊  ဇူလိုင် ၁၁


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်တွင် မေတ္တာ၊ စာဂ၊ ဝီရိယကိုအခြေခံ၍ ပါဝင်ကူညီကြသော စေတနာ့ဝန်ထမ်း Volunteers များအား အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ပေးအပ်ချီးမြှင့်သည့် ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ရင်ထိုးတံဆိပ်၊ နှာခေါင်းစည်း(Mask)များ ပေးအပ်ခြင်းကို ဇူလိုင်လ ၁၁ ရက်နေ့ နံနက်ပိုင်းက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။


အခမ်းအနားတွင် မြို့နယ် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းက မြို့နယ်အတွင်း COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်တွင် မေတ္တာ၊ စာဂ၊ ဝီရိယကို အခြေခံ၍ အများပြည်သူအကျိုးအတွက် စွမ်းစွမ်းတမံပါဝင်ကူညီ ဆောင်ရွက်ကြသော စေတနာ့ဝန်ထမ်းများအား ကျေးဇူးတင်ပါကြောင်း ဂုဏ်ပြုစကားပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်ခမ်းလှိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း၊ မြို့နယ်ရဲမှူး မျိုးမြင့်ဦးနှင့် ဌာနဆိုင်ရာများ၊ မိုင်းယုမြို့ အုပ်ချုပ်ရေးမှူး ဦးအောင်ပြည့်ဖြိုးတို့က မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မျိုးဆက်သစ်ရောင်နီ ပရဟိတလူမှုကူညီရေးအသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် များနှင့် စေတနာ့ဝန်ထမ်းပြည်သူများ စုစုပေါင်း ၄၉ ဦးအား အသိအမှတ်ပြု ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး၊ စုပေါင်းမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။

အားချာ(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ