နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မင်းဘူး(စကု)မြို့နယ်အတွင်း မိုးသီးနှံစိုက်ခင်းများ ပိုးမွှားကျရောက်နေမှု ကွင်းဆင်းစစ်ဆေး

မင်းဘူး၊  ဇူလိုင် ၁၁


မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်အတွင်း ယခုနှစ်မိုးရာသီတွင် သီးနှံစိုက်ပျိုးထုတ်လုပ်မှု မကျဆင်းစေရေး အလေးထားဆောင်ရွက်လျက်ရှိရာ မိုးသီးနှံစိုက်ခင်းများမှာ ရောဂါပိုးမွှားကျရောက်နေမှုများ ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက အပတ်စဉ် ကွင်းဆင်းကြည့်ရှုစစ်ဆေးမှုများ ဆောင်ရွက်ပေး လျက်ရှိကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

“မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနဲ့ NGOs အဖွဲ့အစည်းတွေဖြစ်တဲ့ Safe Crops ၊ My SFDA ၊ P4 ၊ MPRL E&P Co.ltd CSR တို့နဲ့ပူးပေါင်းပြီး နှမ်းသီးနှံနဲ့ ပဲတီစိမ်းသီးနှံကို GAP စနစ်နဲ့ စိုက်ပျိုးလျက်ရှိကြောင်း၊ အဆိုပါ စိုက်ခင်းတွေနဲ့ တောင်သူများရဲ့ မျိုးသန့်၊ မျိုးပွားစိုက်ခင်းများမှာရှိတဲ့ သီးနှံရောဂါပိုးမွှားကျရောက်နေမှု အခြေအနေတွေမှာ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးနဲ့ ရွက်ဖြန်းအားဆေးများကို သုံးစွဲရမယ့် ဆေးအမျိုးအစား လိုက် နည်းစနစ်မှန်ကန်စွာ အသုံးပြုဆောင်ရွက်နိုင်ရေးတို့ကို တောင်သူများနဲ့တွေ့ဆုံပြီးတော့ အသိပညာပေး ခြင်းနဲ့ လက်တွေ့သရုပ်ပြခြင်းတွေကို ဆောင်ရွက်ပေးခဲ့ပါတယ်”ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသိန်းနိုင်ဝင်းက ပြောသည်။


လယ်ယာကဏ္ဍ သီးနှံစိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားစေရေးအတွက် မျိုးကောင်းမျိုးသန့်များ ရရှိစိုက်ပျိုးနိုင်ရေး၊ သုတေသနနှင့် သိပ္ပံနည်းကျ ခေတ်မီစိုက်ပျိုးနည်းစနစ်များ လိုက်နာဆောင်ရွက်ရေး၊ စိုက်ပျိုးရေးသုံး ဓာတုဆေးဝါးပစ္စည်းများ သုံးစွဲမှုလျော့ချရေး၊ သဘာဝမြေဆွေး၊ သဘာဝပိုးသတ်ဆေးနှင့် ရွက်ဖြန်းအားဆေးများကိုသာ သုံးစွဲနိုင်ရေး၊ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများကို တောင်သူများ အနေနဲ့ သိရှိလိုက်နာဆောင်ရွက်နိုင်စေရေးတို့ကို အသိပညာပေးဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မင်းဘူး(စကု)မြို့နယ်အတွင်း ယခုနှစ်မိုးရာသီ ဆီထွက်သီးနှံ ၇၀၇၇၅ ဧက၊ ပဲမျိုးစုံသီးနှံ ၅၁၇၉၇ ဧကတို့ကို လျာထားပြီး စိုက်ပျိုးဆောင်ရွက်လျက်ရှိသော်လည်း အချို့ဒေသများတွင် မိုးရွာသွန်းမှုနည်းပါးသောကြောင့် တောင်သူများအနေဖြင့် သီးနှံစိုက်ခင်းများပျက်စီးဆုံးရှုံးမှုများလည်းရှိကြောင်း ဦးသိန်းနိုင်ဝင်းထံမှ သိရသည်။

မောင်မောင် (မင်းဘူး)






အခြားဆက်စပ်သတင်းများ