နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထန်ပါခွေမြို့၌ Faw ငမြှောင်တောင်နှင့် ကန္တာရကျိုင်းကောင်ကာကွယ်နှိမ်နင်းနည်းပညာပေးသင်တန်းဖွင့်လှစ်

ထန်ပါခွေ ဇူလိုင်  ၁၁


စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်၊ ထန်ပါခွေမြို့၌ Faw ငမြှောင် တောင်နှင့် ကန္တာရကျိုင်းကောင်ကာကွယ်နှိမ်နင်းနည်းပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ဇူလိုင်  ၁၁ ရက် နံနက် ၉ နာရီ ခွဲအချိန်က ထန်ပါခွေမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ထို့နောက် အဆိုပါသင်တန်းတွင် ထန်ပါခွေမြို့စိုက်ပျိုးရေးဦးစီးမှူး ဦးဝေမင်းဦးက ကန္တာရကျိုင်းကောင်ပျံ့နှံ့ပုံ၊ ဖျက်ဆီးပုံအလေ့အထ၊ ဘဝစက်ဝန်းအကြောင်း၊ ဖောငမြှောင်တောင်ကာကွယ်နှိမ်နင်း နည်းအကြောင်း၊ သတိပြုရမည့် ကန္တာရကျိုင်းကောင်(နှံကောင်) အန္တရာယ်အကြောင်း၊ နှိုးဆော်ချက်များ၊ ကာကွယ်နှိမ်နင်း နည်းများ၊ ကြိုတင်ကာကွယ်နှိမ်နင်းခြင်း၊ mechnical control နှင့် ကြက်သွန်ဖြူပိုးသတ်ဆေးရည် ပြုလုပ် နည်းအကြောင်း တို့ကို ရှင်းလင်းပို့ချပေးသည်။

အဆိုပါ သင်တန်းသို့  ထန်ပါခွေမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်(၁)ရပ်ကွက်နှင့်  ကျေးရွာအုပ်စု(၅)အုပ်စုမှ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ၊ စိတ်ပါဝင်စားသောဒေသခံတောင်သူများ တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ နှစ်ရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။ 

 

နှင်းထိုက်






အခြားဆက်စပ်သတင်းများ