နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ညောင်တုန်းမြို့၌ ဓမ္မာစရိယစာမေးပွဲဖြေဆို

ညောင်တုန်း  ဇူလိုင်  ၁၁


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ဓမ္မာစရိယစာမေးပွဲကို ဇူလိုင် ၁၀ ရက် မွန်းတည့် ၁၂ နာရီက ရွှေဟင်္သာတောရကျောင်းတိုက်ရှိ ရာပြည့်ဓမ္မဗိမာန်တော်ကြီး၌ ကျင်းပခဲ့သည်။

ညောင်တုန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ဓမ္မာစရိယစာမေးပွဲတွင် ကျမ်းရင်းပါရာဇိက ကဏ္ဍပါဠိအဋ္ဌကတာ (၁)၊ ကျမ်းရင်းပါရာဇိကကဏ္ဍပါဠိအဋ္ဌကတာ (၂)၊ ကျမ်းရင်း သီလက္ခန္ဓဝဂ္ဂပါဠိအဋ္ဌကတာ (၁)၊ ကျမ်းရင်း  သီလက္ခန္နဝဂ္ဂ ပါဠိအဋ္ဌကတာ (၂)၊ ကျမ်းရင်း ဓမ္မသင်္ဂဏီပါဠိအဋ္ဌကတာ (၁)၊ ကျမ်းရင်း ဓမ္မသင်္ဂဏီပါဠိအဋ္ဌကတာ (၂)၊ မြန်မာဂုဏ်ထူးနှင့် ပါဠိဂုဏ်ထူးဘာသာရပ်တို့ပါဝင်ပြီး ဇူလိုင်လ ၁၀ ရက်မှ ဇူလိုင်လ ၁၇ ရက်ထိ မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီထိ ဓမ္မာစရိယစာမေးပွဲကို ကျင်းပသွားမည်ဖြစ်ပြီး သံဃာတော်နှင့် သီလရှင်များ ၆၁ပါး ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

                                                 

ဝဠာနိုင် (ညောင်တုန်း)






အခြားဆက်စပ်သတင်းများ