နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အူရီဒူးမြန်မာနှင့် UNDP တို့မှ ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြုပြီး မြန်မာနိုင်ငံ ‌အပူပိုင်း‌ဒေသရှိ တောင်သူလယ်သမားများအတွက် နည်းပညာများ ပံ့ပိုးကူညီမည်

ရန်ကုန်  ဇူလိုင်  ၁၁


အူရီဒူးမြန်မာ နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) တို့သည် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာနနှင့်ပူးပေါင်း၍မြန်မာနိုင်ငံအပူပိုင်းဒေသရှိ တောင်သူလယ်သမားများကို ပံ့ပိုးပေးနိုင်ရန်အတွက် ရာသီဥတုဒဏ်ခံနိုင်သော လယ်ယာစိုက်ပျိုးရေး အလေ့အကျင့်ကောင်းများ၊ စားသောက်ကုန်ထုတ်လုပ် နည်းများနှင့် ဝင်ငွေတိုးတက်စေရန် ဈေးကွက်ချိတ်ဆက်မူများအစရှိသည်တို့ပါဝင်ပြီး COVID-19 ကာလ၏ သက်ရောက်မှုကိုပါ တုံ့ပြန်နိုင်မည့် စီမံကိန်းတစ်ခုကို ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။


အဆိုပါစီမံကိန်း ၁၅ လတာကြာမြင့်မည့်  ရေရှည်တည်တံ့သောစီးပွားရေးလုပ်ငန်းများနှင့် စိုက်ပျိုးရေး ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (SEAD) သည်    ကမ္ဘာ့ ကပ်ရောဂါ COVID-19 ဖြစ်ပွား နေစဉ်ကာလ အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသ အပူပိုင်းဇုန်ရှိ ထိခိုက်နစ်နာနိုင်သည့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် လူမှုအဖွဲ့အစည်းများအတွက်  အရည်အသွေးမြင့် မျိုးစေ့များနှင့် ထုတ်ကုန်ဆိုင်ရာ သရုပ်ပြသမှုများ၊ သင်တန်းများဖြင့် ပံ့ပိုးဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

COVID-19 ၏ တောင်သူလယ်သမားများအပေါ် သက်ရောက်မှုကို နားလည်နိုင်ရန် ဆန်းစစ်ချက်များအပေါ် အခြေပြုဆောင်ရွက်ပေးလျက်ရှိသည့် SEAD စီမံကိန်းအောက်တွင် လိုအပ်ချက်နှင့် အံဝင်ခွင်ကျဖြစ်အောင် ဆောင်ရွက်ထားသည့် အွန်လိုင်းမှ ရာသီဥတုဆိုင်ရာ အကြံပေးဝန်ဆောင်မှုများ၊ ရေရှည်တည်တံ့ခိုင်မြဲသည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးဆိုင်ရာ  အလေ့အကျင့်ကောင်းများကို စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေး သုတေသန ဦးစီးဌာန ၊ မွေးမြူရေး နှင့်ကုသရေးဦးစီးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်၍ လေ့ကျင့်မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။


အဆိုပါ စီမံကိန်းသည် ‌ရေရှည်တည်တံ့ခိုင်မြဲသော လယ်ယာစိုက်ပျိုးရေးအတွက် ‌ရောင်းလိုအားနှင့် ဝယ်လိုအား ကို မျှတစေရန် ကူညီပေးနိုင်မည် ဖြစ်ပါသည်။  လယ်ယာစိုက်ပျိုးရေး နှင့် မွေးမြူရေး နယ်ပယ်များ တွင် တန်ဖိုးမြင့်တက်နိုင်စေမည့်အပြင်  လယ်စိုက်တောင်သူများကို မိုဘိုင်းငွေကြေး သုံးစွဲမှုနှင့်တကွ ဈေးကွက် ကိုပါ ချိတ်ဆက်နိုင်အောင် ကူညီပေးနိုင်မည် ဖြစ်ကြောင်းသိရသည်။

SEAD စီမံကိန်း တွင် တောင်သူလယ်သမားများ ကောင်းကျိုးခံစားနိုင်စေရန်အတွက် အစိုးရနှင့် ပူးပေါင်း၍ လူမှုကွန်ရက်များမှတဆင့်သော်လည်းကောင်း အက်ပလီကေးရှင်းပုံစံဖြင့် ဒစ်ဂျစ်တယ်ပလက်ဖောင်းများမှ တစ်ဆင့်သော်လည်းကောင်း သင်ခန်းစာများကို စီစဉ်ဖြန့်ဝေပေးခြင်းနှင့် လက်တွေ့လယ်ယာသရုပ်ပြ သင်တန်း ကျောင်းများတွင် လေ့ကျင့်ပေးခြင်း   အစီအစဉ်များကို ဆောင်ရွက်သွားမည်ဖြစ်သည်။


အောင်မြင့်ဌေး(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ