နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည်သူ့ဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်းများ ကျန်းမာရေး လမ်းညွှန်ချက်လိုက်နာမှု ရှိ၊ မရှိ ရှောင်တခင်စစ်ဆေး

ရန်ကုန်  ဇူလိုင်  ၁၁


 ပြည်သူနှင့် အများဆုံးထိတွေ့နေရသည့် လုပ်ငန်းများစွာကို ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ လိုက်နာ မှု ရှိ၊ မရှိကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စက်ရုံ၊ အလုပ်ရုံ၊ ဆိုင်၊ အလုပ်ဌာနများနှင့် သက်ဆိုင်သည့် ပြည်သူ့ ဝန်ဆောင်မှုဆိုင်ရာဝန်ဆောင်မှု လုပ်ငန်းများကို ဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဖွဲ့စည်းထားသည့် စစ်ဆေးရေးအဖွဲ့များ ထပ်ဆင့် ညွှန်ကြား ထားသည့်အတွက် စစ်ဆေးမှုများဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဒေါက်တာ သန်းနိုင်စိုးက ပြောသည်။

 “ပထမအကြိမ်စပြီးတော့ ခွင့်ပြုချက်ပေးပြီဆိုကတည်းက ရှောင်တခင်စစ်ဆေးဖို့ကို ညွှန်ကြား ထားပြီးဖြစ်တယ်။ နောက်ပိုင်းမှာလည်း စစ်ဆေးမှုတွေ ကို လုပ်ဆောင်သွားဖို့ရှိတယ်။ လိုက်နာမှုအားနည်းခဲ့ တယ်ဆိုရင်လည်း ကောင်းအောင်လို့တော့ လုပ်ဆောင် ခိုင်းမယ်။ တစ်နိုင်ငံလုံးတော့ တစ်ပြိုင်နက်တည်း စစ်ဆေးနိုင်မှာတော့ မဟုတ်သေးဘူး။ လူအင်အား ရှိ သလောက်ပေါ့နော် အကုန်လုံးကို ကောက်ပြီး စစ်ဆေး ရတာဆိုတော့ ပါရင်လည်း ပါနိုင်သလို မပါနိုင်ရင်လည်း မပါနိုင်သေးတာတော့ရှိတယ်”ဟု ယင်းက ပြောသည်။


 ယခုကဲ့သို့ ရှောင်တခင်စစ်ဆေးခြင်းသည် ဥပဒေပိုင်းအရ အရေးယူ ဆောင်ရွက်ခြင်းမျိုး မဟုတ်ဘဲ လိုအပ်ချက် များကို ဖြည့်တင်း၍ ကာကွယ်မှု အပြည့်ဖြင့် လုပ်ငန်း လည်ပတ်နိုင်စေရန် ဆောင်ရွက်သည့် အနေအထားသာ ဖြစ်ကြောင်း သိရသည်။ 

  လက်ရှိ လုပ်ငန်းရှင်များ၏ ကျန်းမာရေးပိုင်း ဆိုင်ရာ မလိုက်နာမှုများကို တိုင်ကြားနေခြင်းများရှိသော်လည်း စစ်ဆေးပြီး လိုအပ်ချက်များ ပြန်လည် ဖြည့်တင်းရန်နှင့် ပြန်လည်လုပ်ငန်းလည်ပတ် လုပ်ကိုင် ခွင့်ပြုနေခြင်း ဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံတွင် တစ်နိုင်ငံ လုံးအတိုင်းအတာအရ စက်ရုံအလုပ်ရုံပေါင်း ၇ ထောင် ခန့်ရှိနေပြီး၊ ဆိုင်၊ အလုပ်ဌာနများ၊  အများပြည်သူ ဆိုင်ရာဝန်ဆောင်မှု လုပ်ငန်းများအပါအဝင် လုပ်ငန်းပေါင်း သောင်းချီရှိနေကြောင်း သိရသည်။

လက်ရှိ လုပ်ငန်းခွင်များတွင် ကျန်းမာရေးလမ်းညွှန် ချက်များကို မလိုက်နာသည့် လုပ်ငန်းခွင်များလည်း များစွာရှိနေကြောင်း အလုပ်သမားအချို့ထံမှ သိရသည်။                                             

မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ