နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အင်းစိန်မြို့နယ်၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းခွင်များသို့ ကွင်းဆင်းစစ်ဆေး

ရန်ကုန်  ဇူလိုင်  ၁၁


ရန်ကုန်မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ ပြည်သူများ သွားရေးလာရေး အဆင်ပြေစေရန် ရည်ရွယ်၍    ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းခွင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းကို ဇူလိုင် ၁၀ နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့သည်။

ကွင်းဆင်းစစ်ဆေးရာတွင် အင်းစိန်မြို့နယ်၊စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းသန်း နှင့်တာဝန်ရှိသူများသည် မြို့နယ်လမ်းနှင့်တံတားမှ  AE  ဦးသန်းဦး တာဝန်ယူဆောင်ရွက်မည့် ကြို့ ကုန်း အနောက်ရပ်ကွက်၊ အထက်ဗဟိုလမ်း(ဆေးဝါးလမ်းဆုံမှ အောက်ဗဟိုလမ်းနှင့်ဆုံသည့်နေရာအထိ) ကွန်ကရစ် လမ်းခင်းရန် ပုံစံပြ ပြင်ဆင်ထားရှိမှုနှင့် ခရိုင်ရေစီးရေလာမှ AE ဦးသန်းထွန်း တာဝန်ယူဆောင်ရွက်မည့် ဗဟိုလမ်း (ကွန်ကရစ်လမ်းခင်းမည့်နေရာ)တွင် လမ်းအောက်ဖြတ်မြောင်း Culvert ပြုလုပ်မည့်နေရာသို့ သွားရောက်၍ ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို AE နှစ်ဦး ညှိနှိုင်းဆွေးနွေးမှု အဆင်ပြေချောမွေ့စေရန်နှင့် လုပ်ငန်းများ အောင်မြင်စွာပြီးမြောက်စေရန် အကြံပြုဆွေးနွေးညှိနှိုင်း ခဲ့သည်။


ဆက်လက်၍ တာဝန်ရှိသူများသည် မြို့နယ်လမ်းနှင့်တံတားမှ ဒုတာဝန်ခံ ဒေါ်မြမြချို တာဝန်ယူဆောင် ရွက်လျက်ရှိသည့် ဖော့ကန်ရပ်ကွက်၊ပဒေသာလမ်း ကွန်ကရစ်ခင်းနေမှုနှင့် ပဒေသာလမ်းသွယ်ကို AC ကတ္တရာဖြင့် လမ်းခင်းနေမှုများကို ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိသော ရပ်မိရပ်ဖများနှင့်တွေ့ဆုံပြီး လိုအပ် သည်များ မှာကြားခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ