နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန္တလေးတက္ကသိုလ်ပင်မဆောင် မြေအောက်ထပ်အခန်းများနှင့် အင်းဝဆောင်ပြင်ဆင်ထိန်းသိမ်းမှုကြည့်ရှု

မန္တလေး၊  ဇူလိုင် ၁၁


မဟာအောင်မြေမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်အောင်၊ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးနိုင်ဝင်း၊ မန္တလေးတိုင်းဒေသကြီး ဆောက်လုပ်ရေးလုပ်ငန်းများ အရည်အသွေးစစ်ဆေးရေးအဖွဲ့ ခေါင်းဆောင် ဦးပွနှင့် အဖွဲ့ဝင်များသည် ဇူလိုင် ၁၀ ရက် နံနက် ၉ နာရီက မန္တလေးတက္ကသိုလ်ဝင်းအတွင်းရှိ နယ်မြေရုံးအဆောက်အအုံ အကြီးစားပြင်ဆင်ခြင်းလုပ်ငန်းခွင်သို့ ရောက်ရှိစစ်ဆေးရာ သာထွန်းအောင်ကုမ္ပဏီမှ တာဝန်ရှိသူများက နံရံအက်ကြောင်းများကို သံချောင်း၊ Staplers ဖြင့်ချုပ်၍ ဘိလပ်မြေဖြင့်ပြုပြင်ထိန်းသိမ်း နေမှုများကိုလည်းကောင်း၊ အေဝမ်းကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေသော မန္တလေးတက္ကသိုလ် ၅ ထပ်ဆောင် ဆောက်လုပ်ခြင်းလုပ်ငန်းခွင်နှင့် United Golden Rays ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သော အင်းဝဆောင် အကြီးစားပြင်ဆင်ခြင်းလုပ်ငန်း၊ မန္တလေးတက္ကသိုလ်ပင်မဆောင်သို့သွားရောက်ပြီး မြေအောက်ထပ်အခန်းများ ကို ဓာတုဆေးများအသုံးပြုကာ နည်းပညာအသစ်ဖြင့် နံရံအက်ကြောင်းများဖာထေးခြင်း၊ နံရံများအချော ကိုင်ခြင်းလုပ်ငန်းခွင်သို့လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး အရည်အသွေးစံချိန်စံညွန်းပြည့်မီရေး စစ်ဆေး ဆောင်ရွက်သည်။

မန္တလေးတက္ကသိုလ်အတွင်း အကြီးစားပြင်ဆင်ခြင်းလုပ်ငန်းများနှင့် မန္တလေးတက္ကသိုလ် ၅ ထပ်ဆောင် တည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် အကုန်အကျခံ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။  


မောင်ပြည်သူ(မန္တလေး)






အခြားဆက်စပ်သတင်းများ