နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လေးမျက်နှာမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ

လေးမျက်နှာ၊ ဇူလိုင် ၁၁


ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၀င်များ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ဇူလိုင် ၁၁ ရက် နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ထွန်းက ကော်မရှင်လုပ်ငန်းဆိုင်ရာ အခက်အခဲများရှိပါက ပေါင်းစပ်ညှိနှိုင်း၍ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ပြည်ပမှ ပြန်လည်ရောက်ရှိလာသော မဲဆန္ဒရှင် ၄၇၅ ဦး ကို မဲစာရင်းတွင်ပါရှိရေး ရပ်/ကျေးကော်မရှင် အတွင်းရေးမှူးများအား မြို့နယ်ကော်မရှင်နှင့်ပေါင်းစပ်ညှိနှိုင်း ရန် ညွှန်ကြားထားကြောင်း၊  ရွေးကောက်ပွဲကော်မရှင်ရုံးတွင် ဌာနဆိုင်ရာ ဝန်ထမ်းနှစ်ဦးသာရှိသည့်အတွက် ဝန်ထမ်းမလုံလောက်သဖြင့် တွဲဖက်ဝန်ထမ်းများဌာနတစ်ခုလျှင် တစ်ဦးစီဖြင့် တစ်လလျှင်နှစ်ဦးစီပေးစေ လိုကြောင်း ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဒေါ်ကြင်ဌေးက၂၀၂၀ ပြည့်နှစ်၊ နို၀င်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဌာနဆိုင်ရာများမှ တက်ကြွစွာပါ၀င်ဆောင်ရွက်ကြစေလိုကြောင်း၊ မဲဆန္ဒရှင်စာရင်းများ ပထမအကြိမ် ကပ်ထားကြေညာတော့မည်ဖြစ်သည့်အတွက် အများယုံကြည်လေးစားခြင်းခံရသော ပုဂ္ဂိုလ်များ၊ဌာနဆိုင်ရာ အကြီးအကဲများမှ လိုက်လံကြီးကြပ်ပေးရန်လိုအပ်ကြောင်း၊ ခွဲဝေချထားပေးသောနယ်မြေများနှင့် အဖွဲ့ဝင် များကို ဖွဲ့စည်းမိန့်ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ တိုင်းဒေသကြီး မဲဆန္ဒအမှတ်(၁)နှင့်(၂)အား ငဝန်မြစ်ကို အခြေပြု၍ အရှေ့ခြမ်းအား တိုင်း(၁)အဖြစ်လည်းကောင်း၊ ငဝန်မြစ်အနောက်ခြမ်းကို တိုင်း(၂)အဖြစ် လည်းကောင်း၊ သတ်မှတ်ထားကြောင်း၊ လေးမျက်နှာမြို့နယ်တွင် တရားဝင်ဖွင့်လှစ်ထားသောပါတီ ၈ ခုရှိကြောင်း စသည်တို့ ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ရွှေရည်ဖြိုးက မဲစာရင်းများ ပြုစုဆောင်ရွက်ထားရှိမှုများ၊ မဲရုံမှူး၊ ဒုမဲရုံမှူးများအား ဆရာ/ဆရာမများမှ တာ၀န်ယူဆောင်ရွက်ပေးစေ လိုကြောင်း၊ အင်အားလုံလောက်မှု မရှိသောကြောင့် ဌာနဆိုင်ရာများမှ ပူးပေါင်း ဆောင်ရွက်ပေးစေလိုကြောင်း၊ လေးမျက်နှာမြို့နယ်တွင် မြို့ပေါ်(၅)ရပ်ကွက်၊ ကျေးရွာအုပ်စု(၄၈)အုပ်စု၊ ကျေးရွာပေါင်း ၂၃၄ ရွာ၊ လူဦးရေ ၁၁၁၅၁၂ ဦးခန့်ရှိပြီး ယနေ့အထိ အသက် ၁၈ နှစ်အထက်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၈၂၃၁၅ ဦးရှိကြောင်း ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော အဖွဲ့ခွဲအဖွဲ့၀င်များကလည်း ညှိနှိုင်းပေါင်းစပ်သွားမည့် အစီအမံများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်းသိရသည်။


ရွှေမိုး(ပြန်ဆက်)






အခြားဆက်စပ်သတင်းများ