နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 နှင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နှင်းရေးနှင့်အစားအသောက်ဘေးကင်းစေရေးကွင်းဆင်းဆောင်ရွက်

ရန်ကုန် ဇူလိုင် ၁၁


ပြည်သူ့ကျန်းမာရေးနှင့်စျေးများလုပ်ငန်းတာဝန်ခံအဖွဲ့(ပြည်သူ့ကျန်းမာရေး)မှ ဇူလိုင် ၉ ရက်က လှိုင်သာယာမြို့နယ်၊ ထိန်ပင် ဆေးရုံ/ဆေးခန်းထွက်အမှိုက်မီးရှို့စက်တွင်တာဝန်ထမ်းဆောင်သည့်သန့်ရှင်းရေးအထူးအဖွဲ့မှဝန်ထမ်းများအားကျန်းမာရေးစစ်ဆေးခြင်းနှင့်ဓါတ်ဆားထုပ်၊ ငါးကြီးဆီများပေးအပ်လှူဒါန်းခြင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ အခြေခံပညာကျောင်းများနှင့်ဘုန်းတော်ကြီးသင်စာသင်ကျောင်းများ၊ ကျောက်တံတားမြို့နယ် မဟာဗန္ဓုလပန်းခြံလမ်းတို့၌ အဘိတ်ဆေးခပ်ခြင်း၊ ခြင်ဆေးမှုတ်ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ တာမွေမြို့နယ် Thai Pot ဆိုင်နှင့်လှိုင်သာယာမြို့နယ် မန်းမြို့တော်စားဖွယ်စုံ၊ KFC ကြက်ကြော်ဆိုင်တို့အား အစားအသောက် သန့်ရှင်းရေးနှင့်ဘေးကင်းလုံခြုံစေရေးစစ်ဆေးပညာပေးခြင်း၊ အာဇာနည်နေ့အခမ်းအနား၌ကျွေးမွေးမည့်အစားအသောက်နှင့်သောက်ရေသန့်နမူနာတို့အားဓါတ်ခွဲခန်း၌ စစ်ဆေးခြင်းတို့ဆောင်ရွက်ခဲ့ကြောင်းသိရသည်။


သွင်မောင်မောင်






အခြားဆက်စပ်သတင်းများ