နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လမ်းမတော်မြို့နယ် UMFCCI တွင် စီးပွားရေးဆိုင်ရာအငြင်းပွားမှုများ ညှိနှိုင်းဖျန်ဖြေရေးကော်မတီ အစည်းအဝေးကျင်းပ

ရန်ကုန်   ဇူလိုင်    ၁၁


လမ်းမတော်မြို့နယ် UMFCCI တွင် ကုန်သည်စက်မှုအသင်းချုပ်၏ စီးပွားရေးဆိုင်ရာအငြင်းပွားမှုများ ညှိနှိုင်းဖျန်ဖြေရေးကော်မတီသည် နှစ်ပတ်တစ်ကြိမ် စေ့စပ်ညှိနှိုင်းဖျန်ဖြေခြင်းများကို ဆောင်ရွက်လျက်ရှိပြီး ဇူလိုင် ၁၀ ရက်တွင် ကော်မတီ၏ ပုံမှန်ညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။

ကော်မတီသည် အသင်းချုပ်၏ အသင်းဝင်ကုမ္ပဏီများ၊ အသင်းသားလုပ်ငန်းရှင်များ စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ရာတွင် အငြင်းပွားမှုများတွေ့ကြုံလာပါက ကြားဝင်စေ့စပ်ညှိနှိုင်းဖျန်ဖြေပေးသော ဝန်ဆောင်မှုကို ဆောင်ရွက်ပေးလျက်ရှိသည်။


ထိုသို့ညှိနှိုင်းဖျန်ဖြေမှုများကြောင့် လုပ်ငန်းရှင်အချင်းချင်း နားလည်မှုပြန်လည်ရရှိ၍ လုပ်ငန်းများလည်း ဆက်လက်ဆောင်ရွက်နိုင်သည့် အခြေအနေကောင်းများရရှိခဲ့သည်။ အငြင်းပွားသူနှစ်ဖက်တာဝန်ရှိ သူများဖိတ်ကြား၍ နှစ်ဖက်ပြေလည်မည့်နည်းလမ်းများဖြင့်သော်လည်းကောင်း၊ နှစ်ဖက်စလုံးမှ နစ်နာမှု များကိုရှောင်ရှားသည့် နည်းလမ်းများဖြင့်လည်းကောင်း၊ ပုဂ္ဂိုလ်ရေးခင်မင်မှုမပျက်စေဘဲ လုပ်ငန်းများ ဆက်လက် လုပ်ကိုင်ရန်သော်လည်းကောင်း အကျိုးကျေးဇူးများရှေးရှု၍ ဝန်ဆောင်ခရယူခြင်းမရှိဘဲ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကော်မတီသို့ နိုင်ငံခြားကုမ္ပဏီများမှ အကူအညီတောင်းခံလာခြင်း၊ International Chamber နှင့် ဆက်စပ်သောအသင်းအဖွဲ့ကုမ္ပဏီများ အကူအညီတောင်းခံလာခြင်းများကို တတ်နိုင်သည့်ဘက်မှကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ဦးနှင်းဦးနှင့် အဖွဲ့ဝင်များဖြစ်ကြသော ဒေါက်တာဝင်းစည်သူ၊ ဦးစိုင်း ဘဉာဏ်၊ ဦးစန်းခိုင်လှ၊ ဦးကျော်ဝင်း၊ ဦးတင်မြင့်၊ ဦးမင်းမောင်ဦး နှင့် အဖွဲ့ဝင်များ ပါဝင်တက်ရောက်ညှိနှိုင်းပေးခဲ့ကြောင်း သတင်းရရှိသည်။         

                                                      

ကျော်ဆန်းမြင့်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ