ရန်ကုန် ဧပြီ ၉ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်း Coronavirus (2019) (COVID-19) အသက်ရှူလမ်းကြောင်းဆိုင်ရာ အဆုတ်ရောင်ကူးစက်ရောဂါ မဖြစ်ပွားစေရေးအတွက် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၏ စီစဉ်မှုဖြင့် မြို့နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အဆင့် ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဝင်များ၊ Myanmar Medical Association (MNA) ၊ တာမွေ ကွန်ရက် ပရဟိတအဖွဲ့ဝင်များနှင့် The Nobleman Co.,Ltd. တို့ပူးပေါင်း၍ ဧပြီ ၈ ရက်၊ နံနက်ပိုင်းအချိန်က တာမွေမြို့နယ်ရှိ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းတွင် ဖျားနာလူနာများအား ကုသမှု(ယာယီ) ဆေးခန်းဖွင့်လှစ်ခဲ့စဉ်။ နိုင်လင်းအောင် (ပြန်/ဆက်)