နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယောကျ်ားလေးနှစ်ဦး၏ အချစ်ဇာတ်လမ်းလေးအကြောင်း ပုံဖော်ရိုက်ကူးမည့် Innocence The Series ရုပ်သံဇာတ်လမ်းတွဲ ကန်တော့ပွဲအခမ်းအနားနှင့် စာနယ်ဇင်းရှင်းလင်းပွဲကျင်းပ

ရန်ကုန်   ဇူလိုင်    ၁၁


Channel VIII မှ စီစဉ်ပြီး ဒါရိုက်တာ Emma ရိုက်ကူးပုံဖော်မည့် Innocence The Series ရုပ်သံ ဇာတ်လမ်းတွဲ ကန်တော့ပွဲပေးပွဲနှင့် စာနယ်ဇင်းမိတ်ဆက်အသိပေးပွဲကို ဇူလိုင် ၁၁ ရက်၊ မွန်းလွဲ ၁ နာရီက ပန်းလှိုင်အိမ်ရာဝင်းအတွင်းရှိ Awai Matta ဟိုတယ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရုပ်သံဇာတ်လမ်းတွဲတွင် ယောကျ်ားလေးနှစ်ဦး၏အချစ်ကို ပုံဖော်ရိုက်ကူးထားသည့် အဆိုပါဇာတ်လမ်း မျိုးသည် မြန်မာပြည်တွင် ပထမဦးဆုံးပုံဖော်ရိုက်ကူးခြင်းဖြစ်သည်။


ဒါရိုက်တာ Emma မှ ပုံဖော်ရိုက်ကူးမည့် အဆိုပါရုပ်သံဇာတ်လမ်းတွဲတွင် အဓိကသရုပ်ဆောင်များအဖြစ် စိုင်းဝဏ္ဏအောင်၊ Ethan၊ မင်းသွေးခန့်၊ အေးမြရိပ်နိုင်၊ မြင့်မြတ်မောင်၊ ဆက်နိုင်၊ ရဲရင့်မောင်မောင်၊ နေမညို၊ ထားသစ္စာ၊ ဇွန်ပန်းရနံ့နှင့် အနုပညာရှင်များ ပါဝင်သရုပ်ဆောင်ကြမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါကန်တော့ပွဲအခမ်းအနားတွင် သစ်တံခါးဆရာတော်ကို ဝါဆိုသင်္ကန်းကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ ရုပ်သံဇာတ်လမ်းတွဲကို သြဂုတ်လပထမပတ်တွင် ရိုက်ကူးရေးစတင်မည်ဖြစ်ပြီး Online Channel များမှတစ်ဆင့် အပတ်စဉ်ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။                             


 ခရီးသွားလုလင်






အခြားဆက်စပ်သတင်းများ