နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လှိုင်သာယာအရောင်းစင်တာသစ်ကြီးကို ဇူလိုင် ၁၈ ရက်တွင် စတင်ဖွင့်လှစ်မည်

ရန်ကုန်   ဇူလိုင်    ၁၁


PRO 1 Global Home Center Myanmar၏ ၈ ခုမြောက် အရောင်းစင်တာဖြစ်သည့်   လှိုင်သာယာ အရောင်းစင်တာသစ်ကြီးကို ဇူလိုင် ၁၈ ရက်တွင် အထူးပရိုမိုးရှင်းအစီအစဉ်များ၊ လက်ဆောင်များ ပြန်လည်ပေးအပ်မည့် အစီအစဉ်များဖြင့် စတင်ဖွင့်လှစ်ရောင်းချပေးသွားမှာဖြစ်ကြောင်း သိရသည်။

ရောင်းချပေးမည့်ပစ္စည်းများမှာ ဘိလပ်မြေနှင့်သံချောင်းများ၊ အမိုးနှင့် မျက်နှာကျက်အလှဆင်ပစ္စည်းများ၊ တံခါးနှင့်ပြတင်းပေါက်များ၊ အိမ်သုတ်ဆေးများနှင့် ဓာတုပစ္စည်းများ၊ ရေပိုက်နှင့်ဆက်စပ်ပစ္စည်းများ၊ ရေချိုးခန်း သုံးပစ္စည်းများနှင့်ဆက်စပ်ပစ္စည်းများ၊ လျှပ်စစ်မီးနှင့်  ဆက်စပ်ပစ္စည်းများ၊ နံရံနှင့်အခင်းကြွေပြားများ၊ အိမ်သုံး အီလက်ထရွန်းနစ်ပစ္စည်းများ အိပ်ခန်းအသုံးအဆောင်နှင့် ပရိဘောဂပစ္စည်းများ၊ မီးဖိုခန်းသုံးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ စသည့်အိမ်တွင်လိုအပ်သည့် အိမ်အမိုးမှကြမ်းခင်းအထိပစ္စည်းများ ကို တစ်နေရာတည်းမှာ စိတ်တိုင်းကျရွေးချယ်ဝယ်ယူနိုင်ပြီး အရည်အသွေးကောင်းမွန်သော ယုံကြည်စိတ်ချရ သည့် Brand အမျိုးအစားပေါင်းများစွာကို ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ကျယ်ဝန်းလှတဲ့ Car Parking မှာ အေးဆေးစွာကားရပ်နားနိုင်မည်ဖြစ်ပြီး PRO 1 Global Home Center လှိုင်သာယာအရောင်းစင်တာသစ်ကြီးမှာ စိတ်အေးချမ်းသာစွာ ဈေးဝယ်ယူနိုင်ရန်စီစဉ်ထားပြီး "မြန်မာနိုင်ငံ၏  ပထမဆုံးနှင့် အကြီးမားဆုံးဆောက်လုပ်ရေးနှင့် အိမ်အသုံးအဆောင်ပစ္စည်းအရောင်းစင်တာ" PRO 1 Global Home Center Myanmar "One Place, Get All" ကို ရန်ကုန်မြို့လှိုင်သာယာအရောင်းစင်တာအမှတ်(၄/၅)၊  ရန်ကုန်-ပုသိမ်လမ်းနှင့် ရန်ကုန်-တွံတေးလမ်းထောင့်၊ အတွင်းပဒံ၊ လှိုင်သာယာမြို့နယ်တွင် ဖွင့်လှစ်ထားပြီး  09-777002840, 09-777002850,09-777002844, 09-777002855 သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။                                                                                                                

ညီမြင့်






အခြားဆက်စပ်သတင်းများ