နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်နိုင်ငံသို့ တစ်သျှူးငှက်ပျောတင်ပို့မှု တန်ချိန် ခုနစ်သိန်းကျော်ရှိ

ဇူလိုင်   ၁၁


ယခုနှစ်တွင် တရုတ်နိုင်ငံသို့ တစ်သျှူးငှက်ပျောတင်ပို့မှုမှာ တန်ချိန် ခုနစ်သိန်းကျော်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ သတင်းများအရ သိရသည်။

“တစ်သျှူးငှက်ပျောကတော့ ဒီဘက်ကာလမှာ အရှေ့ကို ရောက်လာတယ်၊ ကချင်ပြည်နယ်မှာ အဓိကစိုက်ပျိုးပြီး တရုတ်နိုင်ငံကို တင်ပို့ကြတယ်၊ ဒီနှစ်မှာ စံချိန်တင် တင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်”ဟု မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။


COVID-19 ကာလအတွင်းတွင် မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းများ တရုတ်နိုင်ငံသို့ တင်ပို့နိုင်မှုပမာဏ မှာ လျော့နည်းခဲ့သော်လည်း တစ်သျှူးငှက်ပျောတင်ပို့မှုမှာ မြင့်မားခဲ့ကြောင်း သိရသည်။

ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း ဖရဲ၊ သခွားတင်ပို့မှုပမာဏမှာ တန်ချိန် ခြောက်သိန်းခန့်သာ တင်ပို့နိုင်ခဲ့ပြီး ကချင်ပြည်နယ် နယ်စပ်ဂိတ်များမှ တစ်သျှူးငှက်ပျောတင်ပို့မှုမှာ တန်ချိန် ခုနစ်သိန်းကျော် တင်ပို့နိုင်ခဲ့သည်။


တစ်သျှူးငှက်ပျောကို ကချင်ပြည်နယ်၊ ဝိုင်းမော်ဒေသတစ်ဝိုက်တွင် ဘိန်းအစားထိုးသီးနှံအဖြစ် စိုက်ပျိုးကြပြီး မြစ်ကြီးနား၊ မိုးမောက်၊ မံစီ၊ ဝိုင်းမော်နှင့် ရွှေကူမြို့နယ်တို့တွင် အများဆုံးစိုက်ပျိုးကြကြောင်း သိရသည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ