နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တိုင်းဒေသကြီး ၃ ခုတွင် အအေးခန်း သိုလှောင်ရုံများတည်ဆောက်မည်

ရန်ကုန်  ဇူလိုင်  ၁၁


လက်ရှိ COVID ကာလအတွင်း ကမ္ဘာ့ဘဏ်မှ ချေးငွေ အမေရိကန်ဒေါ်လာ ၄ သန်း ရယူကာ တိုင်းဒေသကြီး ၃ ခုတွင်  အအေးခန်းသိုလှောင်ရုံများ တည်ဆောက်သွားရန် ပြင်ဆင်ဆောင်ရွက်နေကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

 အဓိကအားဖြင့် ရေလုပ်ငန်းနှင့်ပတ်သတ်သည့် ရေထွက်ပစ္စည်းများ၊ တိရိစ္ဆာန်နှင့် တိရိစ္ဆာန်ထွက် ပစ္စည်းများ သိုလှောင်နိုင်ရန်အတွက် ရည်ရွယ်ကာ ထုတ်ကုန်၊ စားသုံးကုန်များသည့် တိုင်းဒေသကြီးများဖြစ်သည့် ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ကို ရွေးချယ်ပြီး တည်ဆောက်ရန် ပြင်ဆင်ထားရှိကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲထွန်းဝင်းက ပြောသည်။


  “ဒီ COVID ကာလမှာ ပစ္စည်းတွေ ထုတ်လုပ်နိုင်တာ မှန်ပေမယ့်လို့ စနစ်တကျ သိုလှောင်ထိန်းသိမ်းခြင်း မလုပ်နိုင်တဲ့အတွက် ပျက်စီးမှုတွေ များစွာရှိခဲ့ပါတယ်။ ဒီအတွက်ကြောင့် ကျွန်တော်တို့ ကမ္ဘာ့ဘဏ်ကနေ အမေရိကန်ဒေါ်လာ ၄ သန်း ချေးငွေရယူ ထားပါတယ်။ အဲဒီ ၄ သန်းကတော့ စားသုံးမှုတွေများတဲ့ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းမှာ တိရိစ္ဆာန်နဲ့ တိရိစ္ဆာန်ထွက်ပစ္စည်များ သိုလှောင်ရန် အအေးခန်းသိုလှောင်ရုံများ တည်ဆောက်ဖို့ ပြင်ဆင်ထားရှိပါတယ်” ဟု ယင်းက ပြောသည်။

လက်ရှိ COVID ကပ်ရောဂါကြောင့် မွေးမြူရေး ထွက်ကုန်များ စားသုံးသူ လက်ဝယ်အချိန် မရောင်းချ နိုင်ကြောင်း၊ အသွားအလာကန့်သတ်မှုများကြောင့် ကုန်ပစ္စည်းများ ပျက်စီးရခြင်းကြောင့် မွေးမြူရေး ကဏ္ဍက ၄၀ ရာခိုင်နှုန်း ထိခိုက်ဆုံးရှုံးမှုများရှိခဲ့ပြီး ပြည်တွင်း SME မွေးမြူရေးလုပ်ငန်းများအတွက် များစွာထိခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။                                                                                               


 မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ