နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျေးရွာသားများ အလုပ်အကိုင်ရရှိမည့် စီမံကိန်းစတင်လုပ်ဆောင်

ရန်ကုန်  ဇူလိုင်  ၁၁


COVID-19 ကူးစက်ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း တွေ့ကြုံရသည့် အခက်အခဲများအတွက်  နိုင်ငံတော်အစိုးရမှ ရေးဆွဲဆောင်ရွက်နေသည့် COVID-19 ကာလ စီးပွားရေးကုစားမှု အစီအစဉ်အရ စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် Cash for Work  စီမံကိန်းကိုရေးဆွဲလျက်ရှိကြောင်း သိရသည်။

“စီမံကိန်းရဲ့ ရည်ရွယ်ချက်က COVID ကြောင့် မိသားစုဝင်ငွေတွေ လျော့တယ်။ Lock down တွေကြောင့် အလုပ်အကိုင်တွေ ထိခိုက်တယ်။ ကျေးရွာမှာပဲ အလုပ်အကိုင်တွေရရှိအောင် ကျေးရွာလုပ်ငန်းဖွံ့ဖြိုးရေး တွေမှာ လုပ်အားခယူပြီး ဝင်ငွေရရှိအောင် ရည်ရွယ်တာဖြစ်တယ်။ အနည်းဆုံးအခကြေးငွေ ၄၈၀ဝ အနည်းဆုံးပေးရမှာဖြစ်ပါတယ်။ ရွာအတွက်လုပ်ချင်တဲ့ လုပ်ငန်းကို ရွာသားတွေ ကိုယ်တိုင်ရွေးချယ်ရမှာဖြစ် ပါတယ်။ ဥပမာ  လမ်းခင်း၊ ကျောင်းခြံစည်းရိုးကာ၊ မြောင်းဖော် လုပ်ငန်းတွေပေါ့။ ကော်မတီဖွဲ့ရမယ်။ အဖွဲ့ဝင် ၇ ဦးဖြင့် ဖွဲ့ရမယ်”ဟု  ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒေါ်ဧပရယ်ကျော်က ပြောသည်။


ယင်းစီမံကိန်းသည် ကျေးရွာ တစ်ရွာလျှင် ငွေကျပ် သိန်း ၁၀ဝ နှုန်း ချထားပေးမည်ဖြစ်ပြီး ယင်းပိုက်ဆံဖြင့် လုပ်ဆောင်မည့်လုပ်ငန်းများကို ရွာသူရွာသားများအနေဖြင့် ရွေးချယ်ရမည်ဖြစ်ပြီး အဆိုပါ ငွေကျပ်သိန်း ၁၀ဝ ထဲမှ လုပ်ငန်းခက  သိန်း ၄၀ နှင့် လုပ်အားခ ကို သိန်း ၆၀ အသုံးပြုရမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင်  စီမံကိန်းကို  သုံးလအတွင်း အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ပြီး ကျေးရွာအတွင်းရှိ လမ်းပြုပြင်ခြင်း၊ သောက်သုံးရေကန်များပြုပြင်ခြင်း၊ မြောင်းများတူးဖော်ခြင်းစသည့် လုပ်ငန်းများကို ဦးစားပေး လုပ်ကိုင်ရမည်ဖြစ်ကြောင်း သိရသည်။


 နေပြည်တော်ကောင်စီ နယ်မြေတပ်ကုန်းမြို့နယ်တွင် ၃၁ ရွာ၊ ဇေယျာသီရိမြို့နယ်တွင် ၁၁ ရွာ၊  ပုဗ္ဗသီရိမြို့နယ်တွင် ၁၂ ရွာ နှင့်  ဥတ္တရသီရိမြို့နယ်တွင် ၈ ရွာ စုစုပေါင်း ရွာပေါင်း ၆၂ ရွာရှိပြီး ယင်း ၆၂ ရွာ လုံးကို ငွေကျပ် သိန်း ၁၀ဝ စီချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာတစ်နိုင်ငံလုံးတွင်  ကျေးရွာပေါင်း ၂၄၈၈ ရွာရှိသည့် အတွက် လုပ်သား ၂ ဒသမ ၇ သန်းကျော်အတွက် အလုပ်အကိုင်များ ရှာဖွေပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။                                             


 မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ