နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သတိပြုဆင်ခြင်ဖွယ် မီးအန္တရာယ်

ရန်ကုန်   ဇူလိုင်   ၁၀


နံနက်စောစော မီးသတ်ကားအချက်ပေးအသံကြောင့် လန့်နိုးလာရသည်။ မည်သည့်အရပ်တွင် မီးအန္တရာယ် ကျရောက်ဖြစ်ပေါ်နေသည်ကို စိုးရိမ်ကြောင့်ကြမှုနှင့်အတူ လူမှုကွန်ရက်သတင်းများကို ရှာဖွေပြီး အန္တရာယ်ကင်း ဆုံးရှုံးမှုနည်းပါး‌စေရန် ဆုတောင်းရသည်။ မိမိတို့နိုင်ငံတွင် ဖြစ်ပွားသော မီးလောင်မှုများတွင် ပေါ့ဆမှုကြောင့် လောင်ကျွမ်းသော မီးလောင်မှုမှာ အများဆုံးဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ သုံးသပ်ချက်အရ သိရသည်။

နှစ်စဉ်မီးလောင်မှုကြောင့် မလိုလားအပ်သော အသက်၊ အိုးအိမ်၊ စည်းစိမ်များဆုံးရှုံးရမှုလျော့နည်းပြီး တဖြည်းဖြည်းပပျောက်သွားစေရန် လူတိုင်းမီးကို ဂရုပြုသုံးစွဲသင့်သည်။ မီးဘေးကြိုတင်ကာကွယ်ရေးတွင် အဓိကကျသည့် မီးသုံးစွဲလျှင် အမြဲသတိရှိပြီး လူစောင့်ထားခြင်း၊ မီးဖိုအနီးတွင် လောင်စာဆီများမထားခြင်း၊ မီးဖိုများကို စနစ်တကျအသုံးပြုခြင်း၊ မီးဖိုအားစနစ်တကျ ကာရံထားခြင်း၊ ကလေးသူငယ်များအား မီးမဆော့ရန် ထိန်းသိမ်းခြင်း၊ မီးခွက်၊ မီးအိမ်၊ ဖယောင်းတိုင်များ ထရံနှင့်ခြင်ထောင်အနီးမထွန်းခြင်း၊ စက်ရုံ၊ အလုပ်ရုံများတွင် မီးလောင်မှုမဖြစ်ပွားရေး ကြိုတင်စီစဉ်ထားခြင်း၊ မီးသတ်ကိရိယာများ၊ မီးသတ်ဆေးဘူးများ စနစ်တကျ တပ်ဆင်ထားရန် လိုအပ်သည်။

မီးလောင်မှုဖြစ်ပွားလျှင် ထွက်မပြေးပါနှင့်။ ပတ်ဝန်းကျင်ကို အကူအညီတောင်းရန်၊ မီးစတင်လောင်ကျွမ်းချိန် တွင် ငြှိမ်းသတ်နိုင်လျှင် မီးလောင်ဆုံးရှုံးမှု မများနိုင်ကြောင်း၊ အိမ်တိုင်း၊ အဆောက်အအုံတိုင်း၊ ယာဉ်တိုင်းတွင် ဓာတုဗေဒပေါင်ဒါမှုန့်ခြောက်၊ မီးသတ်ဆေးဘူးများ ဆောင်ထားခြင်းဖြင့် အလျင်အမြန် မီးငြှိမ်းသတ်နိုင်ကြောင်း မီးသတ်ဦးစီးဌာနက မီးဘေးအန္တရာယ်ကာကွယ်ရေး နှိုးဆော်ထားသည်။

မီးအားမြှင့်စက်အပူလွန်ကဲရာမှ မီးလောင်ခြင်း၊ ဝါယာရှော့ခ်ဖြစ်၍ မီးလောင်ခြင်း၊ လျှပ်စစ်ရေနွေးအိုး၊ မီးပူ၊ ပေါင်းအိုးစသည်တို့မှတစ်ဆင့် မီးလောင်ခြင်းတို့မှာလည်း ပေါ့ဆမီးလောင်မှုများပင်ဖြစ်သည်။ ပေါ့ဆမီးလောင်မှုပုံစံများစွာရှိသည်ကို သတိပြုကာကွယ်ရမည်ဖြစ်သည်။

ရန်ကုန်မြို့တွင် အထပ်မြင့်အဆောက်အအုံများ ပေါများလာသည်။ အထပ်မြင့်အဆောက်အအုံများတွင် လေဝင်လေထွက်ကောင်းမွန်ရေး ဆောင်ရွက်သင့်သည်။ အထပ်မြင့် အဆောက်အအုံများတွင် မီးလောင်ကျွမ်းမှု များ ဖြစ်ပေါ်ပါက မီးခိုးများမွှန်၍ သေဆုံးမှုများ ဖြစ်ပေါ်ရာ လေကာများအား အလုံပိတ်ထားခြင်းသည် အကြောင်းအရင်းတစ်ခုဖြစ်သည်။

မီးသတ်ဦးစီးဌာနသည် မီးဘေးအန္တရာယ်ကို ပြည်သူအများ ဂရုပြုလာရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ မီးဘေးအန္တရာယ်ကို အားလုံးသတိမူလာရေးအတွက် အသိပညာပေးလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိသော် လည်း ပြည်သူများ လိုက်နာမှုအားနည်းကြောင်း တွေ့ရသည်။ ယင်းသို့ လိုက်နာမှုအားနည်းခြင်း၊ ဂရုမပြုခြင်းကြောင့် မလိုလားအပ်သော ဆုံးရှုံးမှုများ လျော့နည်းသွားစေရန် မီးသုံးစွဲသူအားလုံးက ကြိုတင်ကာကွယ်စောင့်ရှောက်စေချင်ကြောင်း ။            ။






အခြားဆက်စပ်သတင်းများ