နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လှိုင်မြို့နယ်၊ ပါရမီလမ်း၊ လောကနတ်အိမ်ရာရှေ့ရှိ ဓာတ်အားပေးရုံ အဝင်ဝရှိ ဓာတ်တိုင်၌ ရှော့(ခ်)ဖြစ်၍ မီးလောင်မှုဖြစ်ပွား

ရန်ကုန် ဇူလိုင် ၁၀


ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၊ အမှတ် ၁၂ ရပ်ကွက်၊ ပါရမီလမ်း၊ လောကနတ်အိမ်ရာရှေ့ရှိ      ဓာတ်အားပေးရုံအတွင်းသို့ဝင်သည့်ဓာတ်တိုင်တွင် ဇူလိုင် ၁၀ ရက် နံနက် ၂ နာရီ ၂၇ မိနစ်ခန့်က ရှော့(ခ်)ဖြစ်၍ မီးများလောင်ကျွမ်းခဲ့ပါသည်။


အဆိုပါ မီးလောင်မှုဖြစ်ပွားရာနေရာသို့ လှိုင်မြို့နယ်လျှပ်စစ်ဌာနမှ တာဝန်ရှိသူများ ရောက်ရှိလာခဲ့ကြပြီး မီးသတ်ဆေးဘူးများဖြင့် မီးငြှိမ်းသတ်ရန်အတွက် အနှိုင်းမဲ့မေတ္တာလူမှုကယ်ဆယ်ရေးအသင်း (လှိုင်) ကို သွားရောက်အကူအညီတောင်းခံခဲ့ပြီး မီးသတ်ဆေးဘူး သုံးဘူးဖြင့် မီးငြှိမ်းသတ်ခဲ့ကြရာ ဇူလိုင် ၁၀ ရက်  နံနက် ၂ နာရီခွဲခန့်က မီးငြိမ်းသွားခဲ့ပါကြောင်း သတင်းရရှိပါသည်။


ကြည်ဇေသော်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ