နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အဝလွန်ဖြစ်နေသောကလေးငယ်များ အသက်တစ်နှစ်မပြည့်မီမှာပင် နှလုံးထိခိုက်နိုင်

ရန်ကုန်၊  ဇူလိုင် ၁၀


အဝလွန်ဖြစ်နေသောကလေးငယ်များသည် အသက်တစ်နှစ်မပြည့်မီမှာပင် နှလုံးထိခိုက်ပျက်စီးသော လက္ခဏာများပြသကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြသည်။

အဝလွန်ကလေးငယ် ၄၀ဝ ကျော်၏ နှလုံးကျန်းမာရေးအခြေအနေကိုလေ့လာရာ ယင်းတို့၏ နှလုံး တည်ဆောက်ပုံအတွင်း သာမန်ကလေးများနှင့်မတူညီမှုများကို တွေ့ရှိသည်။

ခန္ဓာကိုယ်ညွှန်းကိန်း (BMI) ၃၀ ထက် မြင့်မားသော ကလေးငယ်များသည် သာမန်ကိုယ်အလေးချိန်ရှိသော ကလေးများထက် နှလုံးကြွက်သား ၃၀ ရာခိုင်နှုန်းပိုထူကြောင်း သုတေသီများက လေ့လာတွေ့ရှိခဲ့သည်။ နှလုံး၏ အရေးပါသော သွေးလွှတ်ခန်းဖြစ်သည့် ဘယ်ဘက်သွေးလွှတ်ခန်းပိုကြီးခြင်းနှင့် နံရံများထူထဲခြင်းတို့ဖြစ်ပေါ် ကြောင်း သုတေသီများ လေ့လာတွေ့ရှိခဲ့သည်။

ငယ်ရွယ်စဉ်အဝလွန်ဖြစ်ခြင်းကြောင့် ကလေး၏နှလုံးတည်ဆောက်ပုံနှင့် ကြီးထွားမှုအပေါ် ရေရှည်ထိခိုက်မှု ရှိနိုင်ကြောင်း ယခုလေ့လာမှုက ဖော်ပြသည်။

ထို့အပြင် အဝလွန်ဖြစ်နေသောကလေးငယ်များအားလုံးနီးပါးသည် မိခင်နို့စို့သောကလေးများမဟုတ်ဘဲ     နို့ပုလင်းစို့သောကလေးများဖြစ်နေသောကြောင့် ယင်းနို့များက ကလေးများအဝလွန်ဖြစ်မှုနှုန်းကို မြင့်မားစေခြင်း ဖြစ်နိုင်ကြောင်း သုတေသီများက ပြောသည်။

ကလေးဘဝတွင် အဝလွန်ဖြစ်ခြင်းကြောင့် ဘဝတစ်လျှောက်လုံး နာမကျန်းဖြစ်ကာ မိဘများထက်ဦးစွာ အသက်သေဆုံးနိုင်ကြောင်း သုတေသီများက သတိပေးထားသည်။


(သူရိန်)






အခြားဆက်စပ်သတင်းများ