နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကောလင်းမြို့နယ်၌ တစ်နိုင်တစ်ပိုင် သပြေပန်းစိုက်ပျိုးခြင်းဖြင့် မိသားစုပုံမှန်ဝင်ငွေရရှိ

ကောလင်း၊  ဇူလိုင် ၁၀


စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၌ တစ်နိုင်တစ်ပိုင် သပြေပန်းစိုက်ပျိုးခြင်းဖြင့် မိသားစု စားဝတ်နေရေးအဆင်ပြေပြီး မိသားစုပုံမှန်ဝင်ငွေရရှိကြောင်း သိရသည်။

သပြေပန်းများသည် အရောင်အသွေးလှပခြင်း၊ တာရှည်ခံခြင်း၊ ကုန်ကျစရိတ်သက်သာခြင်း၊ ဈေးကွက်လည်း ရှိသည့်အတွက်  ကောလင်းမြို့နယ်အတွင်းရှိ ကျေးရွာတစ်ချို့တွင် သပြေပန်းများကို တစ်နိုင်တပိုင်စိုက်ပျိုး ခြင်းမှ စီးပွားဖြစ်စိုက်ပျိုးလာကြကြောင်း သိရသည်။

သပြေပန်းစိုက်ပျိုးရာတွင် ပတ္တမြားသပြေ၊ အောင်သပြေ၊ ရွှေသပြေနှင့် အာဆီယံသပြေတို့ စိုက်ပျိုးလျက်ရှိရာ ပတ္တမြားသပြေ၊ အောင်သပြေနှင့် ရွှေသပြေများကို စိုက်ပျိုးကြပြီး ၆ လကျော်လျှင် ကိုင်းဖြတ်၍ ရောင်းချနိုင်ပြီး အာဆီယံသပြေကိုတော့ စိုက်ပျိုးပြီး  ၁ နှစ်  ၆ လကျော်မှ ကိုင်းဖြတ်၍ ရောင်းချရကြောင်း သိရသည်။

သပြေပင်းများကို အပင်အားကောင်းဆေး၊ အညွှန့်သန်ဆေး၊ ပိုးသတ်ဆေးများကို ၁၅ ရက်တစ်ခါ ဖျန်းပေးပြီး တစ်ပင်နှင့်တစ်ပင် ၅ ပေ အကွာတွင် စိုက်ပျိုးလျှင် အကိုင်းအခက်များဖျာထွက်ပြီး ပိုမိုထွက်ရှိ လျက်ရှိကြောင်း သိရသည်။

"သပြေပင်များကို စိုက်ပျိုးလာခဲ့တာ ၁၀ နှစ်ကျော်ရှိပြီး အပင် ၈၀၀  စိုက်ပျိုးထားရှိရာ နေ့စဉ်ခူးဆွတ်ရပြီး တစ်ခါခူးလျှင် အစီး ၁၀၀ ကျော်မှ  ၁၇၀ ကြား ထွက်ရှိပြီး လက်တစ်ဆုတ်စီးတစ်စီးလျှင် ငွေကျပ် ၅၀၀ ဖြင့် ရောင်းရသည့်အတွက် နေ့စဉ်ပုံမှန်ဝင်ငွ ေငွေကျပ် ၁၀၀၀၀ ကျော်ခန့် ရရှိပါတယ်"ဟု အမှတ်(၁) ရပ်ကွက်မှ ကျော်ဇေယျာ သပြေပန်းစိုက်ပျိုးတောင်သူ ဒေါ်ဆွေဆွေဦးက ပြောပြ၍ သိရသည်။

သပြေပန်းစိုက်ပျိုးရာတွင် စိုက်ပျိုးစရိတ်သက်သာခြင်းကြောင့် စိုက်ပျိုးပြီး တစ်နှစ်အတွင်း အရင်းကြေ နိုင်၍ ငွေကြေးပြည့်စုံပါက ပိုမိုစိုက်ပျိုးနိုင်ပြီး အကျိုးရှိမည်ဖြစ်ကြောင်း၊ သပြေပင် ၁၂၀၀ ကျော် စိုက်ပျိုးလျှင်ပင် နေ့စဉ်ဝင်ငွေ ကျပ် ၁၅၀၀၀ မှ ၂၀၀၀၀ ခန့်ရရှိ၍ သပြေပန်းသည် ဈေးကွက်တွင် ဝယ်လိုအားကောင်းမွန်လာ သည့်အတွက် မြေကွက်အပိုရှိသူများအနေဖြင့် တစ်နိုင်တစ်ပိုင် သပြေပန်းစိုက်ပျိုးခြင်းဖြင့် မိသားစုပုံမှန်ဝင်ငွေ ရရှိလျက်ကြောင်း သိရသည်။


မြင့်ထွန်းမင်း(ကောလင်း)






အခြားဆက်စပ်သတင်းများ