နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အီရန်စစ်ဗိုလ်ချုပ်ကို လုပ်ကြံခဲ့သည့် အမေရိကန်နိုင်ငံ၏တိုက်ခိုက်မှုမှာ နိုင်ငံတကာဥပဒေချိုးဖောက်ရာရောက်ဟု ဆို

ဇူလိုင် ၁၀၊ ဂျီနီဗာ


အီရန်စစ်ဗိုလ်ချုပ် ဆိုလေမာနီကို လုပ်ကြံခဲ့သည့် အမေရိကန်နိုင်ငံ၏ တိုက်ခိုက်မှုမှာ နိုင်ငံတကာဥပဒေကို ချိုးဖောက်ရာရောက်သည်ဟု ကုလသမဂ္ဂ၏ကျွမ်းကျင်ပညာရှင်တစ်ဦးက ပြောသည်။ ဆိုလေမာနီမှာ ပြီးခဲ့သည့်ဇန်နဝါရီလက အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့လေဆိပ်နားတွင် မောင်းသူမဲ့ယာဉ်ဖြင့် တိုက်ခိုက်ခံရခြင်းကြောင့် အခြားသူ ၉ ဦးနှင့်အတူ သေဆုံးခဲ့သည်။ ဆိုလေမာနီမှာ လူ့အသက်များကို အချိန်မရွေး ချိန်းခြောက်နိုင်ခြင်းကြောင့် ယခုကဲ့သို့ လုပ်ကြံရသည်ဆိုသည့် သက်သေအထောက်အထားကို အမေရိကန်နိုင်ငံက ခိုင်လုံစွာ သက်သေပြနိုင်ခြင်းမရှိကြောင်း ဥပဒေမဲ့သတ်ဖြတ်မှုဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် အက်ဂ်နက်စ်ကယ်လာမတ်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ကယ်လာမတ်က အကြမ်းဖက်သမားများကို လှုပ်ရှားခွင့်ပေးနေခြင်းဖြစ်သည်ဟု အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက စွပ်စွဲခဲ့သည်။


ပြီးခဲ့သည့်ရက်သတ္တပတ်တွင် အီရန်နိုင်ငံက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် အခြားသူ ၃၅ ဦးကို လူသတ်မှု၊ အကြမ်းဖက်မှုများဖြင့် ဖမ်းဆီးမိန့်ထုတ်ပြန်ခဲ့သည်။ ဆိုလေမာနီမှာ ထိပ်တန်းခေါင်းဆောင် အလီခါမေနီပြီးနောက် အီရန်နိုင်ငံ၏ သြဇာအကြီးဆုံးပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံထားရသူဖြစ်သည်။ တော်လှန်ရေးသက်စောင့်တပ်ဖွဲ့၏ ပြည်ပအဖွဲ့ဖြစ်သည့် Quds Force ခေါင်းဆောင် ဆိုလေမာနီမှာ အရှေ့အလယ်ပိုင်းဒေသတစ်ဝန်းတွင် အီရန်နိုင်ငံ၏မူဝါဒကို အဓိကပုံဖော်နေသည့် ဗိသုကာပညာရှင်ဖြစ်သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ