နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မီးရှူးမီးပန်းစက်ရုံမှ ဓာတုပစ္စည်းများကို ဖယ်ရှားနေစဉ် ပေါက်ကွဲမှုဖြစ်ပွား၍ တူရကီစစ်သည် ၃ ဦး သေဆုံး

ဇူလိုင် ၁၀၊ အန်ကာရာ


ပြီးခဲ့သည့်ရက်သတ္တပတ်က ပေါက်ကွဲခဲ့သည့် မီးရှူးမီးပန်းစက်ရုံရှိ ပေါက်ကွဲစေနိုင်သည့်ပစ္စည်းများကို ဖယ်ရှားနေစဉ် စစ်တပ်ထရပ်ကားတစ်စီး ပေါက်ကွဲခဲ့ခြင်းကြောင့် တူရကီစစ်သည် ၃ ဦး သေဆုံးခဲ့သည်။ စစ်သည်များက ဓာတုပစ္စည်းများကို ဖျက်စီးရန် တွင်းထဲသို့ သယ်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။


အဆိုပါဖြစ်ရပ်တွင် အနည်းဆုံး အခြားစစ်သည် ၆ ဦးလည်း ဒဏ်ရာရခဲ့သည်။ ဟန်ဒက်ခ်မြို့ရှိ မီးရှူးမီးပန်းစက်ရုံမှာ ပြီးခဲ့သည့်သောကြာနေ့က ကနဦးပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းကြောင့် လူ ၇ ဦး သေဆုံးခဲ့ပြီး လူ ၁၀၀ ဒဏ်ရာရခဲ့သည်။ ယင်းဖြစ်ရပ်ကြောင့် မီးရှူးမီးပန်းစက်ရုံပိုင်ရှင်တစ်ဦးကို ဖမ်းဆီးခဲ့သည်။ မီးရှူးမီးပန်းစက်ရုံပထမအကြိမ် ပေါက်ကွဲခဲ့စဉ်က မပေါက်ကွဲဘဲ ကျန်ရစ်သည့် ပေါက်ကွဲစေနိုင်သော ပစ္စည်းများကို ထရပ်ကားဖြင့် သယ်ယူနေစဉ် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ