နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပျောက်ဆုံးနေသည့် ဆိုးလ်မြို့တော်ဝန်၏အလောင်းကို တွေ့ရှိ

ဇူလိုင် ၁၀၊ ဆိုးလ်


ပြီးခဲ့သည့်ကြာသပတေးနေ့က ပျောက်ဆုံးခဲ့သည့် ဆိုးလ်မြို့တော်ဝန်၏ ရုပ်အလောင်းကို တောင်ကိုရီးယားရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့သည်။ ပက်ဝမ်ဆွန်းမှာ အိမ်မှထွက်မသွားမီ မက်ဆေ့တစ်စောင် ချန်ခဲ့ခြင်းကြောင့် သမီးဖြစ်သူက ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ခြင်းဖြစ်သည်။ ယင်း၏ဖုန်းကို နောက်ဆုံး ခြေရာခံမိသည့် ဆိုးလ်မြို့မြောက်ပိုင်း ဘူဂတ်တောင်ပေါ်တွင် ယင်း၏အလောင်းကို တွေ့ရှိခဲ့သည်။ ပက်ဝမ်ဆွန်း သေဆုံးခဲ့သည့် အကြောင်းရင်းကို ထုတ်ပြန်ခဲ့ခြင်းမရှိပေ။ အမျိုးသမီးဝန်ထမ်းတစ်ယောက်က လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုဖြင့် တိုင်ချက်ဖွင့်ခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် ပက်ဝမ်ဆွန်း ပျောက်ဆုံး ခဲ့ခြင်းဖြစ်သည်။


အဆိုပါကိစ္စနှစ်ခု ပတ်သက်မှုရှိ၊ မရှိဆိုခြင်းကို အတည်ပြုနိုင်ခြင်းမရှိသေးပေ။ ပက်ဝမ်ဆွန်းကို ရဲတပ်ဖွဲ့ဝင်နှင့် မီးသတ်အရာရှိ ၆၀၀ နီးပါးက မောင်းသူမဲ့ယာဉ်များ၊ အနံ့ခံခွေးများ အသုံးပြုပြီး နာရီပေါင်းများစွာ ရှာဖွေခဲ့ကြသည်။ ပက်ဝမ်ဆွန်းမှာ ၂၀၁၁ ခုနှစ်က ဆိုးလ်မြို့တော်ဝန်အဖြစ် စတင်ရွေးချယ်ခံခဲ့ရပြီး ပြီးခဲ့သည့်နှစ်ဇွန်လတွင် ယင်း၏တတိယမြောက်နှင့် နောက်ဆုံးသက်တမ်းအဖြစ် ရွေးချယ်ခံခဲ့ရသည်။ ပက်ဝမ်ဆွန်းမှာ ရှေ့နေအဖြစ် ဆောင်ရွက်ခဲ့စဉ်က တောင်ကိုရီးယားနိုင်ငံ၏ ပထမဆုံး လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုစီရင်ချက်ချမှတ်နိုင်အောင် စွမ်းဆောင်ပေးခဲ့သူဖြစ်သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ